ရီးယဲလ်အသင်း၏နည်းပြ အန်ဆယ်လော့တီက ယခုရာသီ၌ ဂိုးမသွင်းနိုင်သေးသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘယ်လင်ဂမ်(၂၁ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ရီးယဲလ်အသင်းထံ ယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ၌ ပြိုင်ပွဲစုံ(၄၂)ပွဲကစားကာ (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
ယခုရာသီတွင်မူ ပြိုင်ပွဲစုံ(၉)ပွဲ ကစားပြီးချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် အန်ဆယ်လော့တီက ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
''သူ့လုပ်ဆောင်မှုအတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ သူက အလုပ်အများကြီးလုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်ကလို သူ ဂိုးတွေအများကြီးမသွင်းနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက အံ့အားသင့်စရာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်မှာ ဂိုးတွေ သွင်းနိုင်ခဲ့တာကမှ အံ့အားသင့်စရာပါ။ ဒီနှစ် သူ ဂိုးတွေ မသွင်းနိုင်တာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ဆဲဖြစ်သလို၊ ဂိုးတွေ သွင်းနိုင်ဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းမှာ အရည်အသွေးအပြည့်ရှိတဲ့ ကစားသမားတွေ ရှိနေလို့ပါ။ ကျွန်တော်တို့အတွက် ဘယ်လင်ဂမ်က ဂိုးတွေ သွင်းတာထက် ပိုအရေးပါတဲ့အလုပ်တွေ လုပ်ဆောင်နေပါတယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ဘောလုံးသုံးသပ်သူအချို့ကမူ ဘယ်လင်ဂမ်သည် ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာသည့်အတွက် ဂိုးမသွင်းယူနိုင်တော့ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
