ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင်(၂၁၀)ခန့်ကို ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ရောက်ရှိလာမည်မဟုတ်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၂ ရက်ည ၇ နာရီက မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၃/၂၀၂၄)အဖြစ် ထုတ်ပြန်ခဲ့သည်။
မုန်တိုင်းငယ်သည် ရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေကာ ဗဟိုချက်လေဖိအားသည် (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ(၃၅)မိုင်နှုန်းခန့်ရှိသည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
၎င်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ ရက်(မနက်ဖြန်)တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထားသည်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ အောက်တိုဘာ ၂၂ ရက်ညမှ အောက်တိုဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။
ထို့ပြင် အချို့ ဒေသများတွင်လည်း ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ မိုးသက်လေပြင်းများကျရောက်၍ အမြင့် ၁၁ ပေမှ ၁၅ ပေခန့်အထိ လှိုင်းများဖြစ်ပေါ်နိုင်သည်ကာ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
