ဖွံ့ဖြိုးဆဲနိုင်ငံများတွင် COVID-19 ကို ကျော်လွှားလွန်မြောက်နိုင်ရန် ကြွေးမြီ လျှော်ပစ်ခြင်းနှင့် ကျန်းမာရေးနာလန်ထူမှု “Marshal Plan” တို့ ပါဝင်သည့် ဒေါ်လာ ၂.၅ ထရီလျံရှိ အစီအစဉ်အတွက် ထောက်ပံ့ပေးရန် ကုလသမဂ္ဂက မတ် ၃၀ ရက်တွင် တောင်းဆိုခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သည့် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် အကျပ်အတည်းကြောင့် မကြုံစဖူးစီးပွားမှု ထိခိုက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ (UNCTAD) ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ ငွေကြေးလိုအပ်ချက်တွေကို ဖြေရှင်းဖို့ သင့်တော်တဲ့စီးပွားရေး ကယ်တင်မှုစီမံချက်ကို ညှိနှိုင်းဆောင်ရွက်ဖို့ဟာ နိုင်ငံတကာ အဝန်းအဝိုင်းက ချက်ချင်းအရေးပေါ်စီစဉ်ရမယ့် ကိစ္စတစ်ခုပါ” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
COVID-19 ရောဂါသည် တရုတ်ကို ကျော်ပြီး စတင်ပျံ့နှံခဲ့ပြီးနောက် နှစ်လအကြာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရင်းနှီး ငွေယိုဖိတ်ခြင်း၊ ငွေကြေးတန်ဖိုးလျော့ကျခြင်းနှင့် ပို့ကုန်မှရသည့် ဝင်ငွေဆုံးရှုံးခြင်း၊ လူသုံးကုန်စျေးနှုန်းများ ကျဆင်းခြင်းနှင့် ခရီးသွားကဏ္ဍမှ ဝင်ငွေ ကျဆင်းခြင်းတို့ကြောင့် အထိနာခဲ့သည်။ ဒေသအများစုတွင် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်းကထက် သက်ရောက်မှု ပိုမိုဆိုးရွားခဲ့သည်ဟု UNCTAD က ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၃၃,၅၀၀ အထိ မြင့်တက်လာပြီး လူဦးရေ ၃.၄ ဘီလျံခန့် Lockdown ချထားမှုအောက်တွင် နေထိုင်နေရစဉ် ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများသည် မကြုံစဖူး အစိုးရကယ်ဆယ်ရေး စီမံချက်များကို အကောင်အထည်ဖော်နေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုက်ဆံထွက်သည့် မှော်သစ်ပင်မရှိကြောင်း UNCTAD က အလေးအနက်ထား ဖော်ပြခဲ့သည်။
“ ဒီအကျပ်အတည်းကို တု့ံပြန်ဖို့ ငွေကြေး၊ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းနည်းပါးမှုတွေ၊ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ပျံ့နှ့ံနေမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတွေ ပေါင်းစပ်တဲ့ အကျိုးဆက်တွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကပ်ဘေး ဖြစ်လာနိုင်ခြေရှိတယ်” ဟု အစီရင်ခံစာက သတိပေးခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ က ၎င်းတို့၏ လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေ ကြီးကြီးမားမားဆုံးရှုံးမှု မဖြစ်ရန် ကာကွယ်မည်ဟု ကတိပေးမှုကို UNCTAD ၏ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာဥက္ကဋ္ဌ Richard Kozul Wright က ထောက်ပြခဲ့သည်။
မတ် ၃၀ ရက်ထုတ် အစီရင်ခံစာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒေါ်လာ ၂.၅ ထရီလျံ အကူအညီပေးသည့် package တစ်ခု ထောက်ပံ့ပေးရန် ကမ္ဘာလုံးဆိုင်ရာအဝန်းအဝိုင်းကို တောင်းဆိုခဲ့သည်။ ယင်း package တွင် ကြွေးမြီဒေါ်လာ တစ်ထရီလျံ သက်သာခွင့်ပေးခြင်းနှင့် ဒေါ်လာ ဘီလျံ ၅၀၀ ရှိသည့် ကျန်းမာရေး ထူထောင်မှုဆိုင်ရာ Marshal Plan တို့လည်း ပါဝင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
