စင်ကာပူလက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ (ဇွန် ၁၁ ရက်) ညနေပိုင်းက စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် နည်းပြသစ် ရာဒူလိုဗစ်လက်ထက် ပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူမြေတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နည်းပြသစ် ရာဒူလိုဗစ်နှင့် စုစည်းလေ့ကျင့်ရက်အနည်းငယ်ရသောကြောင့် အကောင်းဆုံးပုံစံမရသေးသော်လည်း အိမ်ရှင်စင်ကာပူကို တုံ့ပြန်ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူးကျော်ကိုကို၏ သွင်းဂိုးနှစ်ဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကျော်ဇင်ထက်၊ ဝင်းမိုးကျော်၊ ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ ရန်အောင်ကျော်၊ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ အောင်သူ၊ ကျော်ကိုကိုတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် မြန်မာအသင်း ကစားပုံကောင်းခဲ့ပြီး ၄ မိနစ်တွင် အောင်သူ၏ ပေးပို့မှုမှတစ်ဆင့် ကျော်ကိုကိုက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ အိမ်ရှင်စင်ကာပူအသင်းသည် ဂိုးပေးလိုက်ရသောကြောင့် ချေပဂိုးရရန် ကြိုးပမ်းလာခဲ့ပြီး ၂၅ မိနစ်တွင် ဂါဘရီရယ်က ဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားနိုင်ခဲ့ပြီး ကျော်ကိုကိုနှင့် အောင်သူ တိုက်စစ်အတွဲက စင်ကာပူနောက်တန်းကို ဖိအားပေးနိုင်ခဲ့သည်။ ၆၇ မိနစ်တွင် မြန်မာအသင်း အနိုင်ဂိုးရခဲ့ပြီး ကျော်ကိုကိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရသောကြောင့် စင်ကာပူအသင်းသည်ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြင့်ခဲ့သော်လည်း မြန်မာအသင်း ခံစစ်က အမှားအယွင်းမရှိထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားသည့် နိုင်ငံတကာခြေစမ်းပွဲသုံးပွဲမြောက်တွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်းက ကစားသည့် ခြေစမ်းပွဲများတွင် တရုတ်တိုင်ပေနှင့် ဂိုးမရှိသရေကျကာ အင်ဒိုနီးရှားအသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
