Top News

ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိပါက ရီးယဲလ်မှ ကစားသမားများကို ခေါ်ယူအားဖြည့်သွားရန် ဆာရီ စီစဉ်နေသည်ဟု Tuttosport ဖော်ပြ
24htopnews | October 23, 2024 12:12 AM CST

ချယ်လ်ဆီးအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိတော့မည့် အီတလီနည်းပြ ဆာရီသည် ဂျူဗင်တပ်စ်အသင်းကို ရီးယဲလ်ကစားသမားဖြင့် ပြင်ဆင်တည်ဆောက်သွားရန် စီစဉ်နေကြောင်း Tuttosport သတင်းစာက ဖော်ပြခဲ့သည်။

ဆာရီသည် လက်ရှိအချိန်အထိ ချယ်လ်ဆီးနည်းပြအဖြစ် ရှိနေဆဲဖြစ်သော်လည်း လာမည့်ရက်ပိုင်းအတွင်း ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ချုပ်ဆိုတော့မည်ဟု မီဒီယာများစွာက ဖော်ပြနေသည်။

ဆာရီသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း(၁)နှစ်ကျန်ရှိနေသည့်အတွက် မည်သည့်ပုံစံဖြင့် လမ်းခွဲမည်ကို ညှိနှိုင်းနေရခြင်းဖြစ်ပြီး မူလက ယင်းအတွက် လျော်ကြေးကို ဂျူဗင်တပ်စ်အသင်းက ပေးချေရလိမ့်မည်ဟု သတင်းထွက်ခဲ့သည်။

ယခုနောက်ဆုံးသတင်းအရမူ ချယ်လ်ဆီးအသင်းသည် ဆာရီကို စာချုပ် ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ဆာရီသည် ဂျူဗင်တပ်စ်အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း၊ အသင်းကို အားဖြည့်ပြင်ဆင်ရန် လုံလောက်သည့်ပံ့ပိုးမှုများ ရရှိလိမ့်မည်ဖြစ်ကြောင်းလည်း သုံးသပ်နေကြသည်။

Tuttosport သတင်းစာက ဆာရီသည် ဂျူဗင်တပ်စ်အသင်းကို ပြုပြင်တည်ဆောက် ရာ၌ ရီးယဲလ်မှကစားသမားများကို ဦးစားပေး ခေါ်ယူအားဖြည့်သွားရန် ပစ်မှတ်ထားနေ ကြောင်း၊ ရီးယဲလ်အသင်းက ကစားသမားများစွာကို အရောင်းစာရင်းတင်ထားသည့်အ တွက် အခွင့်အရေးကောင်းဖြစ်သည်ဟု ယူ ဆနေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ကစားသမားသစ်များ ထပ်မံခေါ်ယူနိုင်ရန် အသင်းမှကစားသမားများကို မဖြစ်မနေရောင်းထုတ်ပြီး ငွေပြန်ရှာရမည်ဖြစ်သည့်အတွက် ကစားသမား(၁၅)ဦးခန့်ကို စျေးကွက်တင်ထားကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ဆာရီနည်းတူ ရီးယဲလ်စျေးကွက်ကို စိတ်ဝင်စားနေသည့် နည်းပြများစွာရှိနေကြောင်းလည်း သိရှိရသည်။

ဆာရီသည် ချယ်လ်ဆီးအသင်းမှ အီတလီနောက်ခံလူ အီမာဆန်ကို ဂျူဗင်တပ်စ်အသင်းသို့ ခေါ်ယူရန် ဆန္ဒရှိနေကြောင်းလည်း သိရှိရသည်။


READ NEXT
Cancel OK