စင်ကာပူလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဂျပန်နိုင်ငံသား ယိုရှီဒါက မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲမှာ ၎င်းတို့အသင်းအတွက် ခက်ခဲမည် ဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
''ဆော်လမွန်အသင်းကို ကျွန်တော်တို့ အနိုင်ရခဲ့တဲ့အတွက် ကစားသမားတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီးတော့ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခြေစမ်းပွဲကို ပြန်သုံး သပ်မယ်ဆိုရင် ကျွန်တော်တို့အသင်းမှာ အား နည်းချက်တွေ အများကြီးရှိနေသေးတယ်ဆိုတာကို တွေ့မြင်ရမှာပါ။ ဒါကိုတော့ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော့်အနေနဲ့ အခု အချိန်မှာ အသင်းကို စတင်တည်ဆောက်နေတဲ့အချိန်ပဲ ရှိပါသေးတယ်။ ကစားသမားတွေကို စိတ်ဓာတ်ပိုင်းမြှင့်တင်ပြီးတော့ ပုံစံကောင်းတစ်ခုရအောင် ကြိုးစားဆောင်ရွက် နေပါတယ်။ မြန်မာအသင်းနည်းပြအနေနဲ့လည်း ကျွန်တော်တို့နဲ့ကစားရမယ့်ပွဲက သူ့အတွက် ပထမဆုံးပွဲဖြစ်တာကြောင့် ကျွန်တော့်လိုအခြေအနေမျိုးနဲ့ပဲ ရင်ဆိုင်နေရမှာပါ။ မြန်မာအသင်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် သူတို့အသင်းမှာ ကစားသမားကောင်း တွေရှိပါတယ်။ ကစားဟန်က လျင်မြန်သလို နည်းစနစ်ပိုင်းလည်း ကောင်းပါတယ်။ ကျွန် တော်တို့အတွက် မြန်မာအသင်းနဲ့ပွဲက ခက်ခဲမှာပါ။ အသင်းကို ပုံစံကောင်းတစ်ခုရရှိလာဖို့အတွက် အချိန်တော့ လိုအပ်ပါတယ်''ဟု ယိုရှီဒါက ပြောကြားသည်။
စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS)သည် ယိုရှီဒါကို မေလကုန်ပိုင်းတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းလက်ထက်ပထမဆုံးခြေစမ်းပွဲတွင် ဆော်လမွန်ကျွန်းစုအသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
