
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုမည့် မြေခံရေယာဉ်နှင့် မြေတူးရေ ယာဉ်တို့အား ဧရာခင်းခြင်းအခမ်းအနား (KEEL LAYING CEREMONY) ကို သိမ်ဖြူသင်္ဘောကျင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုမည့် ၂၆မီတာ ဆိပ်ကမ်းသုံး မြေတူး ရေယာဉ်နှင့် ၄၄ မီတာ ဆိပ်ကမ်းသုံး မြေခံရေယာဉ် သင်္ဘောဧရာခင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ သိမ်ဖြူသင်္ဘောကျင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၊ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့ သိမ်ဖြူသင်္ဘောကျင်းမှာ မြေတူးရေယာဉ်(GRAB DREGER) နဲ့ မြေခံရေယာဉ်(Hopper Barge) ကို တည်ဆောက်နိုင်ခြင်းအတွက် ဝမ်းသာစရာ နေ့တစ်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သိမ်ဖြူသင်္ဘောကျင်းသည် အခုလိုမျိုးတည် ဆောက်နိုင်တယ်ဆိုတာ ပြချင်တဲ့အတွက် လွန်းကျင်းမှာ တည်ဆောက်ခြင်းဖြစ်ပါတယ်။ အခုလိုတည်ဆောက်တဲ့ အခါမှာ Qingdao Hwshum Shipyard Co.,Ltd နဲ့ Thein Oo co., Ltd အနေနဲ့လည်း တင်ဒါ အောင်ထားတဲ့အတိုင်း အရည် အသွေးပြည့်မီစွာနဲ့ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ပေးပါလို့တောင်းဆိုချင်ပါတယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူးဦးနီအောင်က ပြောကြားသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ လုပ်ငန်း အပ်နှံခဲ့သည့် မာန်အောင် ၄ ဆိပ်ကမ်းသုံး တွန်း/ဆွဲရေယာဉ်အားပြီးခဲ့သည့် ၂၀၁၈၊ နိုဝင်ဘာက လွှဲပြောင်းရယူခဲ့ပြီးဖြစ်သည်။
အဆိုပါ ဆိပ်ကမ်းသုံး တွန်း/ဆွဲရေ ယာဉ်အား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းလက်အောက်ရှိ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Myanmar shipyards-AMECC Joint Venture Company Limited မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၇ မတ်လတွင် ရေယာဉ်အား တည်ဆောက်ပြီးစီးခဲ့ပြီး ရေချပွဲအား ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ၂၀၁၈ ဇွန်လတွင် သင်္ဘောအား စမ်းသပ်မောင်းနှင်ခဲ့ပြီး၊ နိုဝင်ဘာတွင် သင်္ဘောအား လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မာန်အောင်၄ ဆိပ်ကမ်းသုံး တွန်း/ဆွဲ ရေယာဉ်ကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁ရခုနှစ်မှာ ရေချနိုင်ခဲ့ပါတယ်။ ၂၀၁၈ ဇွန်လမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး အခု နိုဝင်ဘာမှာတော့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကို လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါပြီ”ဟု Myanmar shipyards Dong A Joint Venture Company Limited မှ အထွေထွေ မန်နေဂျာ ဦးကျော်ကျော်က ပြောပြခဲ့သည်။
မာန်အောင် ၄ ဆိပ်ကမ်းသုံးတွန်း/ဆွဲ ရေယာဉ်သည် အလျား ၃၂မီတာ၊ အနံ ၁၁ မီတာနှင့် ဇောက် ၅မီတာရှိပြီး တစ်နာရီ ရေ မိုင် ၁၂မိုင်နှုန်းမောင်းနှင်နိုင်ကြောင်း သိရသည်။ အင်ဂျင်ပါ၀ါအနေဖြင့် မြင်းကောင်ရေ ၁၅၈၂ ရှိ ယန်မာအင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး စုစုပေါင်းပါ၀ါ ၃၁၆၄ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ သန်းကုန်ကျကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ယခုထပ်မံ၍ ၂၆မီတာ ဆိပ်ကမ်းသုံး မြေတူး ရေယာဉ်နှင့် ၄၄ မီတာ ဆိပ်ကမ်းသုံး မြေခံ ရေယာဉ်တို့အား ထပ်မံတည်ဆောက်ရန် သိမ်ဖြူသင်္ဘောကျင်းသို့ လုပ်ငန်းအပ်နှံခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်