
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်သည့် မြေများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငှားရမ်းလိုပါက ဆင်ခြေဖုံး Sub Urban ဒေသများတွင် တစ်စတုရန်းမီတာကို ငါးဒေါ်လာမှ ၁၃ ဒေါ်လာ၊ မြို့တွင်း၌ ၂၆ ဒသမ ၄ ဒေါ်လာရှိပြီး စီးပွားရေးအရ အချက်အချာကျသောမြေများ Prime Land ကို ၃၉ ဒသမ ၆ ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“ရန်ကုန်အရှေ့ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်တွေမှာ တစ်ဟက်တာနဲ့အထက် မြေကွက်အားလုံး ၂၀ ရှိပါတယ်။ တစ်ဟက်တာအောက်ကတော့ မြေကွက်ပေါင်း ၁၂၀ ရှိတဲ့အတွက် မြေနဲ့ပတ်သက်ပြီး ရင်းနှီးနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိနေတဲ့ မြို့တွေနဲ့ ပြင်ပမှာရှိတဲ့ မြို့တွေ တိုးတက်မှုမကွာဟသွားအောင် စက်မှုဇုန်တွေကိုလည်း တိုးချဲ့ဖို့ရှိပါတယ်။ ကွမ်းခြံကုန်းမြို့နယ်မှာ ၄၄၀ ဟက်တာ၊ ကော့မှူးမှာ ၄၀၃ ဟက်တာ၊ တွံတေးမှာ ၃၄၃ ဟက်တာစသည်ဖြင့် စက်မှုဇုန်တွေ တိုးချဲ့ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေများစွာရှိလို့ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြီးခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားထားသည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၄၀ ကျော် ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၂၄၀ နီးပါးအထိရှိကာ တရုတ်နိုင်ငံက အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ အခု သြဂုတ် ၂၈ အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ လုပ်ငန်းပေါင်း ၁၄၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၃၀၄ သန်း ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ဆိုသည်။ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး လုပ်ငန်းပေါင်း ၈၅ ခုအထိရှိကြောင်း သိရသည်။
“တရုတ်က ၈၅ ခု၊ ဟောင်ကောင်က ၂၄ ခု၊ ထိုင်ဝမ်က ခြောက်ခု၊ ကိုရီးယားက ခြောက်ခု၊ ဂျပန်နိုင်ငံက လေးခု၊ ကျန်တဲ့နိုင်ငံတွေကဟာတွေကိုလည်း ခွင့်ပြုပေးထားတာရှိပါတယ်” ဟု ဦးမျိုးခိုင်ဦးက ပြောကြားသည်။
ထို့ပြင် အဆိုပါကာလအတွင်းနိုင်ငံသားများမှ ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံသားရင်း နှီးမြှုပ်နှံမှု ရှစ်ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၅ ဘီလျံကျော်ရှိသည်။
၁၉၈၈ - ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လအကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း ဒေါ်လာ ၈၃ ဘီလျံနီးပါးအထိရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်နှင့် မျက်နှာချင်းဆိုင်ဘက်ခြမ်းတွင် အထူးစီးပွားရေးဇုန်နှင့် မြို့သစ်စီမံကိန်းများ တည်ထောင်နိုင်ရန် စီမံကိန်းဖြစ်နိုင်ခြေများ တွက်ချက်ထားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်မည့် ယင်းစီမံကိန်းများကို ရန်ကုန်စီမံကိန်းဘဏ်အတွင်း ထည့်သွင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ရန်ကုန်မြို့ဟာ ပင်လယ်ဘက်ကိုမျက်နှာမူထားတာဖြစ်ပါတယ်။ ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်ခြမ်းဟာ သီလဝါအထူးစီးပွားရေး ဇုန်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာ ဒီဘက်ခြမ်းတစ်ခုလုံးဟာ ရန်ကုန်မြို့ရဲ့ မြို့သစ်စီမံကိန်းတွေ ရန်ကုန်မြို့ရဲ့ အထူးစီးပွားရေးဇုန်တွေကို ဆက်လက်တည်ဆောက်နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေအများကြီး ရှိနေပါတယ်၊ ဒါကြောင့်မို့ ဒီကဏ္ဍနယ်ပယ်တွေ မှာ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံကိန်းတွေ စနစ်တကျစီစဉ်ပြီး ရန်ကုန်ရဲ့ Project Bank တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဒီအထဲမှာ စီမံကိန်း ၈၀ လောက်ကို စီမံကိန်းဖြစ်နိုင်ခြေတွေကို အကြမ်းဖျင်း ဆောင်ရွက်ထားတာ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်