ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကျပ်အတည်းကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိလျှင် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်လာနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အေဂျင်စီကြီး သုံးခု၏အကြီးအကဲများက ဧပြီ ၁ တွင် သတိပေးပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအများအပြားက လူဦးရေအမြောက်အမြားကို သွားလာလှုပ်ရှားမှု ထိန်းချုပ်ကန့်သတ်ထားသည်။ ယင်းဆောင်ရွက်ချက်များက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ဖြူးမှုကို သိသိသာသာ နှေးကွေးစေခဲ့သည်။
အဆက်အသွယ် ဖြတ်တောက် သီးခြား နေထိုင်ရတော့မည့်လူများက အထိတ်တလန့်နှင့် အလုအယက်ဝယ်ယူခြင်းကြောင့် ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးမှုကွင်းဆက်ကြီး ထိခိုက်ပျက်စီးလွယ်မှုကို မြင်သာစေခဲ့သည်။
“ စားနပ်ရိက္ခာရဖို့ မရေမရာဖြစ်တာကြောင့် ပို့ကုန်ကန့်သတ်တာတွေ၊ တသီတတန်းကြီး ဖြစ်လာပြီး ကမ္ဘာ့စျေးကွက်မှာ ပြတ်လပ်မှုတွေ ဖြစ်လာခဲ့ပါတယ်” ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဥက္ကဋ္ဌ ချွီတုန်ယွီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥက္ကဋ္ဌ တေဒရိုအာဒါနန်ဂီဘရီရေဆု၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဥက္ကဋ္ဌ ရောဘတ်တိုအာဇီဗေဒိုတို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
၂၀၀၇ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းပြီးနောက် ဆန်ထုတ်လုပ်သည့် အိန္ဒိယနှင့် ဗီယက်နမ်တို့က စျေးနှုန်းမြင့်တက်လာနိုင်မှုကို ကာကွယ်ရန် တင်ပို့မှုကို ကန့်သတ်ခဲ့သည်။ ထိုအတွက်ကြောင့် ဆန်စျေးများ မြင့်တက်သည့်အခါ ဖွ့ံဖြိုးဆဲနိုင်ငံ အများအပြားတွင် စားနပ်ရိက္ခာဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်။
စျေးနှုန်းမြင့်တက်မှုကို ကာကွယ်ရန်အတွက် ရုရှားက အရန်သိုလှောင်ထားသော ဂျုံများကို ရယူခဲ့ပြီး ဂျုံတင်ပို့မှုကို ကန့်သတ်ခဲ့သောကြောင့် ယခုပူးတွဲ ထုတ်ပြန်ချက်က ရုရှားကို ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
COVID-19 ကြောင့် ကန့်သတ်ပိတ်ဆို့မှုများ ရှိနေချိန်တွင် ကုန်သွယ်ရေး စီးဆင်းမှုကို အလွတ်လပ်ဆုံး ဖြစ်စေရန် ကြိုးပမ်းရမည်ဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ ပြတ်လပ်မှု မဖြစ်စေရန် ရှောင်ရှားရမည်ဖြစ်ကြောင်း ယခုပူးတွဲထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
သက်ဆိုင်ရာ နိုင်ငံများက ၎င်းတို့နိုင်ငံသားများ၏ ကျန်းမာရေးနှင့် သာယာဝပြောရေးကို ဆောင်ရွက်ရာတွင် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးမှုအား မထိခိုက်စေရန် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယင်းကြေညာချက်က ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေး လုပ်အား မရရှိမှု၊ စားနပ်ရိက္ခာများ စျေးကွက် တင်ပို့နိုင်ခြင်း မရှိမှုတို့ကြောင့် ရေရှည်တွင် ကန့်သတ်ထိန်းချုပ်မှုနှင့် ခရီးသွားလာမှု ကန့်သတ်ခြင်းများသည် စိုက်ပျိုးရေးထုတ်လုပ်မှုဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေမည့် အန္တရာယ်ရှိလာနိုင်သည်။
စားသောက်ကုန်ထုတ်လုပ်မှု၊ ပြင်ဆင် ဖြန့်ဖြူးမှု ကဏ္ဍများမှ အလုပ်သမားများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း FAO ၊ WHO နှင့် WTO ခေါင်းဆောင်များက အလေးထားပြောကြားခဲ့ပြီး ၎င်းအလုပ်သမားများ၏ ကျန်းမာရေး၊ ထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်းစဉ်တစ်ခုလုံး တည်ငြိမ်ရေးတို့ကို ကာကွယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အကျပ်အတည်း၏အစတွင်သာ ရှိနေသေးပြီး သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုတို့က ထုတ်လုပ်မှုထက် ပိုအရေးကြီးလာမည်ဖြစ်ကြောင်း FAO ၏ အကြီးတန်းစီးပွားရေး ပညာရှင် အဘ်ဒိုရေဇာအဘာဆီယန်က ပြောကြားခဲ့သည်။
ပြည်ပမှ စားနပ်ရိက္ခာကို မှီခိုနေရသောနိုင်ငံ ၄၄ နိုင်ငံတွင် COVID-19 က စားနပ်ရိက္ခာ လိုအပ်မှုကို ပိုဆိုးစေခဲ့ပြီး အငတ်ဘေး ကြုံနေရသော လူဦးရေ ၁၁၃ သန်းရှိသည့် နိုင်ငံ ၅၅ နိုုင်ငံတွင် ရှိဆဲအခြေအနေကို ပိုဆိုးစေမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
