အီတလီတွင် COVID-19 ကြောင့် ဧပြီ ၁ အထိ လူ ၁၃၁၅၅ ဦး သေဆုံးခဲ့ရပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုအား ဟန့်တားနိုင်ရန်အတွက် စီးပွားရေးအရ အလွန်အမင်း အထိနာစေသော lockdown လုပ်မှုကို ဧပြီ ၁၃ အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂူဆက်ပီကွန်တေက ဧပြီ ၁ တွင် ကြေညာခဲ့သည်။
မိမိတို့၏ တုံ့ပြန်ဆောင်ရွက်မှုများအား ယခုအခါ စတင်ဖြေလျှော့လိုက်လျှင် မိမိတို့ ကြိုးပမ်းထားသမျှသည် အချည်းနှီးဖြစ်သွားစေမည်ဖြစ်ကြောင်း ကွန်တေက နိုင်ငံသို့ပြောကြားသောမိန့်ခွန်း၌ ပြောကြားခဲ့သည်။
လူဦးရေသန်း ၆၀ ရှိသော အီတလီနိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူ စုဝေးမှုများအား အနည်းဆုံး ဧပြီ ၁၂ အထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးကလည်း မတ် ၃၀ ကတည်းက ပြောကြားထားသည်။
အီတလီတွင် COVID-19 ကူးစက်မှု အရေအတွက်သည် တဖြည်းဖြည်း ကျဆင်းနေသော်လည်း နေ့စဉ် သေဆုံးမှုနှုန်းမှာမူ အလွန်အမင်း မြင့်မားနေဆဲဖြစ်သည်။
ဧပြီ ၁ တွင် COVID-19 ကြောင့် လူ ၇၂၇ ဦး ထပ်မံသေဆုံးခဲ့ပြီး ပြီးခဲ့သော သုံးရက်အတွင်းမှာပင် သေဆုံးသူစုစုပေါင်း ၂၃၇၆ ဦးအထိ ရှိခဲ့သည်။
COVID-19 ကူးစက်မှုများ မပျံ့နှံ့စေဘဲ စီးပွားရေးလုပ်ငန်းအချို့အား မည်သို့စတင်ရန်နှင့် ပတ်သက်၍ တာဝန်ရှိသူများက အချေအတင် ဆွေးနွေးနေကြပြီး ဖြစ်သည်။
ဥရောပ၏စီးပွားရေး တတိယအင်အား အကြီးဆုံးနိုင်ငံ အီတလီတွင် lockdown လုပ်မှုကြောင့် တစ်ပတ်လျှင် နိုင်ငံ၏နှစ်စဉ်ဂျီဒီပီ၏ ၀.၇၅ ရာခိုင်နှုန်းကို လျော့ကျစေသည်ဟု အီတလီ၏လုပ်ငန်းကြီးများ သမဂ္ဂဖြစ်သော Confindustria က ခန့်မှန်းခဲ့သည်။
ကွန်တေသည် နောက်ဆုံးတွင် ဒေသဆိုင်ရာခေါင်းဆောင်များအား ဆုံးဖြတ်ချက် ချမှတ်ခွင့်ပေးမည်ဖြစ်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ ယင်းနောက် မျိုးစုံသော social distancing ဆိုင်ရာ စည်းမျဉ်းများအား အသုံးချလျက် ၎င်းတို့၏ဒေသများတွင် စက်ရုံများ သို့မဟုတ် လုပ်ငန်းများအား ဘေးကင်းစွာ လည်ပတ်နိုင်ခြင်း ရှိ၊ မရှိကို ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ကြမည် ဖြစ်သည်။
ထို့ပြင် လူအချို့ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေးအတွက် ကျယ်ပြန့်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည့် စစ်ဆေးရေးကိရိယာများ ပေးပို့မှုကိုလည်း အာဏာပိုင်များက စောင့်ဆိုင်းနေကြသည်။
သို့သော် မတ် ၁၂ နောက်ပိုင်း အပြည့်အဝ သက်ဝင်ခဲ့သော လက်ရှိ ပြဋ္ဌာန်းထားဆဲ lockdown ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများအား မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ဖြေလျှော့ဖွယ်ရှိမှုကို ဝန်ကြီးချုပ်ကွန်တေက အရိပ်အမြွက်ပင် မပြောခဲ့ပေ။
ကိန်းဂဏန်းများသည် အခြေအနေ ကောင်းလာနေကြောင်း ကျွမ်းကျင်သူများက ပြောကြားလာချိန်တွင် မိမိတို့က ထိုတုံ့ပြန်ဆောင်ရွက်မှုအားလုံးကို ရုပ်သိမ်းရန် စတင်စဉ်းစားမည်ဖြစ်ကြောင်း ကွန်တေက ပြောကြားခဲ့သည်။ သို့သော် ဧပြီ ၁၄ တွင် ရုပ်သိမ်း ဖြစ်၊ မဖြစ်ကိုမူ မပြောနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်ရှိကန့်သတ်မှုများသည် ဧပြီ ၃ တွင် သက်တမ်းကုန်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
