အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြီးခဲ့သောလ၌ မွတ်စလင်ဘာသာရေး အဖွဲ့တစ်ခု၏ စုဝေးမှုတစ်ခုအတွင်း ဖြစ်ပွားခဲ့သော နိုင်ငံအတွက် အကြီးမားဆုံး COVID-19 အစုလိုက်အပြုံလိုက် ကူးစက်မှုနှင့် ထိတွေ့မှုရှိခဲ့သူ ၉၀၀၀ ခန့်အား ခြေရာခံရှာဖွေနေစဉ် အိန္ဒိယတွင် ဧပြီ ၂ ၌ တစ်နေ့တည်း ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံတွင် ဧပြီလလယ်အထိ သုံးပတ်ကြာ Lockdown ကို ကြေညာထားသည်။ အိန္ဒိယသည် လတ်တလောတွင် အမေရိကန်၊ အီတလီ၊ စပိန်တို့ကဲ့သို့ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှုနှုန်းမှာ အလွန်အမင်း နည်းနေသေးသည်။
ဧပြီ ၁ အထိ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၅၀ သာ သေဆုံးခဲ့သော်လည်း အိန္ဒိယ၏ လူဦးရေ ၁.၃ ဘီလျံအကြား ကူးစက်မှုသည် ကပ်ရောဂါအသွင်သို့ ရောက်ရှိသွားလျှင် သေဆုံးမှု အလွန်အမင်း မြင့်တက်မည်ကို စိုးရိမ်နေရသည်။
လူဦးရေထူထပ်သော နယူးဒေလီတွင် Tablighi Jamaat ၏ ဌာနချုပ်၌ ဝတ်ပြုမှုနှင့် သင်ကြားမှုများကို တက်ရောက်သူများနှင့် နောက်ပိုင်းတွင် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအကြား ကူးစက်မှုများကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ဧပြီ ၁ တွင် ထက်ဝက်ကျော် မြင့်တက်ခဲ့ပြီး ကူးစက်မှု ၂၀၀၀ နီးပါးရှိလာခဲ့သည်။
ဒေလီတွင် ထိုအစုလိုက်အပြုံလိုက် ကူးစက်မှုနှင့်ဆက်နွှယ်သည့် လူ ၉၀၀၀ ခန့်အား မဖော်ထုတ်နိုင်သေးဘဲ ယင်းတို့အထဲမှ ၂၀၀၀ သည် Tablighi မှ တာဝန်ရှိသူများနှင့် ကျန်လူများဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ကာ ၎င်းတို့သည် မူလထိတွေ့သူများဖြစ်ကြောင်း သတ်မှတ်ထားသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် မိမိတို့အတွက် အလွန်အမင်း အရေးကြီးသောအရာဖြစ်ပြီး ထိုသူများ ရှေ့ထွက်လာရန် လိုအပ်ကြောင်း၊ ယင်းမှသာ ၎င်းတို့အား ရောဂါခြေချုပ်ဖြင့် ထားနိုင်မည်ဖြစ်ကြောင်း ဗိုင်းရပ်စ်ကူးစက်ရန် အလားအလာရှိသူများအား ခြေရာခံ ရှာဖွေမှုကို ဦးဆောင်သည့်အဖွဲ့မှ အမည်မဖော်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Tabighi ၏ခေါင်းဆောင်ဖြစ်သူ Maulana Saad Kandhalvi က ၎င်း၏ နောက်လိုက်များအနေဖြင့် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသံဖိုင်ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။ မိမိတို့သည် ကြိုတင်ကာကွယ်မှု၊ ဆရာဝန်များ၏ လမ်းညွှန်ချက်များအား လိုက်နာမှု၊ လူစုလူဝေး မလုပ်ခြင်းကဲ့သို့ အစိုးရအား အပြည့်အဝထောက်ပံ့မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသည် အစ္စလာမ်၏မူများအား ချိုးဖောက်ခြင်း မမြောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေလီတွင် Tablighi ၏အဆောင်များ၌ နေထိုင်ခဲ့ကြသော ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ အပါအဝင် လူ ၂၃၀၀ ခန့်အား ပြီးခဲ့သောရက်များအတွင်း ရောဂါ ခြေချုပ်ဖြင့်ထားသည့် စင်တာများသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ ခရီးသွားဗီဇာဖြင့် လာရောက်စဉ်အတွင်း Tablighi ၏အစီအစဉ်တွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၂၃ ဦးသည်လည်း အမှုဖွင့်ခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
