ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရန်အတွက် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များအား ချိုးဖောက်သူများသည် အခက်အခဲ ဖြစ်စေမှုအတွက် ပစ်သတ်ခံရနိုင်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဧပြီ ၁ က သတိပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား အနိုင်ကျင့်မှုသည် သည်းခံ၍ မရသော ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရောဂါကူးစက်ပျံ့နှ့ံမှုကို ကာကွယ်ရန်အတွက် ချမှတ်ထားသော တားဆီးကန့်သတ်မှုများကို လူတိုင်းက လိုက်နာကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ရုပ်သံမိန့်ခွန်းတွင် ဒူတာတေးက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုကို နှေးကွေးရန်နှင့် နိုင်ငံ၏ ယိုင်နဲ့နဲ့ ကျန်းမာရေးစနစ်ကို ပြိုလဲစေမည့်အရေးအား ကာကွယ်ရန် အာဏာပိုင်များက ကြိုးပမ်းနေကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ç၃၁၁ ရှိကြောင်းနှင့် သေဆုံးသူ ၉၆ ဦးရှိကြောင်း အတည်ပြုချက် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်အတွင်း ကူးစက်မှု ၂၀၀၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ရာနှင့်ချီ ကူးစက်ခံနေရသည်။
“ အခြေအနေက ဆိုးသထက် ဆိုးလာနေပါတယ်။ ဒီဗိုင်းရပ်စ် ပြဿနာရဲ့ ဆိုးရွားမှုကို ကျွန်တော် ထပ်ပြောနေပါတယ်။ ခင်ဗျားတို့ နားထောင်ကြပါ” ဟု ဒူတာတေးက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အတွက် ကျွန်တော့်ရဲ့ အမိန့်တွေကတော့ ဒုက္ခပေးလာခဲ့ရင် ဖြစ်ဖြစ်၊ ပြန်ခုခံလာတဲ့အခြေအနေမှာ ဖြစ်ဖြစ်၊ ခင်ဗျားတို့အသက် အန္တရာယ်ရှိလာခဲ့ရင် ဖြစ်ဖြစ်၊ ပစ်သတ်လိုက်ပါဆိုတာပါပဲ” ဟု ဒူတာတေးက ဆိုခဲ့သည်။
အစိုးရ၏စားနပ်ရိက္ခာ ထောက်ပံ့မှု မလုံလောက်သည့်အတွက် မနီလာ၏ ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သူများက ကန့်ကွက်ဆန္ဒပြနေကြသဖြင့် နှောင့်ယှက်မှုများ၊ ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ခဲ့ပြီးနောက် ဒူတာတေး၏မှတ်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဆေးရုံဝန်ထမ်းများအား ကိုယ်ထိလက်ရောက် စော်ကားမှုများ၊ ခွဲခြားဆက်ဆံမှုများ၊ လူမှုရေး အစွဲအလမ်းများနှင့် ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ အဝန်းအဝိုင်းတွင် ဒေါသူပုန်ထမှုများ ရှိခဲ့ပြီးနောက် ဒူတာတေးက ကျန်းမာရေးဝန်ထမ်းများအား အနိုင်အထက်ပြုမှုကို သည်းခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒူတာတေး၏ စကားလုံးများကို တက်ကြွလှုပ်ရှားသူများက လှောင်ပြောင်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲမှာကဲ့သို့ပင် အကြမ်းဖက်မှုနှင့် ကလဲ့စားချေမှုကို ဖိတ်ခေါ်နေကြောင်း ဝေဖန်ခဲ့ကြသည်။
ဝေဖန်သံ ညံစေသော မှတ်ချက်များကို ဒူတာတေးက ထုတ်ပြန်ခဲ့ပြီးနောက် ဖြစ်လေ့ ဖြစ်ထရှိသည့်အတိုင်း သမ္မတသည် ဖြစ်စဉ်ကို ထင်ရှားစေလိုသည့်သဘောနှင့် တင်စားပြောဆိုခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အကျပ်တွေ့စေသူများကို လုံခြုံရေး တာဝန်ရှိသူများက စ,ပစ်မည် မဟုတ်ကြောင်း ဖိလစ်ပိုင်အမျိုးသား ရဲချုပ်အာခီဂမ်ဘိုအာက ပြောကြားခဲ့သည်။
“ အကျပ်အတည်းကာလမှာ ဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ဖို့ သမ္မတက အလွန်အလေးထားကြောင်း ပြတာ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မနီလာ လူဦးရေ ၁၂ သန်းကို သက်ရောက်စေခဲ့သော ပိတ်ဆို့ ထိန်းချုပ်မှုက စီးပွားရေး လုပ်ငန်းအများစုကို ရပ်ဆိုင်းစေခဲ့ပြီး လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ရပ်ဆိုင်းစေခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
