COVID-19 ဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပျံ့နှံ့နေစဉ် မြို့များနှင့် ပြည်နယ်များတွင် ပြဋ္ဌာန်းရန် လိုအပ်သော ကျယ်ပြန့်သည့်လူမှုရေး ကန့်သတ်ချက်ဟု ခေါ်ဆိုသော စည်းမျဉ်းများကို မတ် ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
ကျယ်ပြန့်သည့် လူမှုရေးကန့်သတ်ချက်များနှင့် ပတ်သက်သည့် အစိုးရစည်းမျဉ်းသတ်မှတ်မှုနှင့် လူထုကျန်းမာရေး အရေးပေါ်အခြေအနေနှင့် ပတ်သက်သည့် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သမ္မတဝီဒိုဒိုက ပြောကြားခဲ့သည်။
ကန့်သတ်ချက်များသည် ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးဆိုင်ရာရောဂါ ခြေချုပ်ဥပဒေကို အခြေခံထားကြောင်း၊ ယင်းဥပဒေသည် မြို့နှင့် ပြည်နယ်များတွင် အရေးတကြီး မလိုအပ်သော ဝန်ဆောင်မှုများကို ပိတ်ပင်ရန်၊ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို ကန့်သတ်ရန် ခွင့်ပြုထားသည်။
“COVID-19 ဟာ ကြီးမားတဲ့ အန္တရာယ်ပျံ့နှံ့မှုကို သယ်ဆောင်တဲ့ ရောဂါတစ်ခုလို့ အစိုးရက ထုတ်ပြန်ကြေညာထားတယ်။ ဒါကြောင့် လူထုကျန်းမာရေးဆိုင်ရာအရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ လိုအပ်တယ်” ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။
ယင်းစည်းမျဉ်းတွင် ရဲတပ်ဖွဲ့ကို အချိုးကျဖြစ်သော ဥပဒေစိုးမိုးရေးစီမံချက်များ လုပ်ဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ သို့မှသာ ကျယ်ပြန့်သည့် လူမှုရေးကန့်သတ်ချက် ဆောင်ရွက်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိထိရောက်ရောက် တားဆီးပေးနိုင်မည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။
လက်ရှိချမှတ်သည့် မူဝါဒသည် လုံလောက်မှု မရှိပါက အစိုးရက စစ်အုပ်ချုပ်ရေး အမိန့်ပြဋ္ဌာန်းနိုင်ခြေရှိကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။
“ ပုံမှန်မဟုတ်တဲ့အခြေအနေတွေ အောက်မှာ ရွေးစရာအနေနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ပြင်ဆင်ထားတယ်။ ဒီလိုစီမံချက်ကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားပေးမယ့် လက်ရှိ အခြေအနေမှာတော့ မထုတ်ပြန်သေးဘူး” ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။
လူမှုကန့်သတ်သည့်မူဝါဒကြောင့် စီးပွားရေးသက်ရောက်မှုကို လျော့ပါးစေရန် အတွက်လည်း အစိုးရက စီမံချက်များ ဖော်ဆောင်ထားဟု ဝီဒိုဒိုက ဆိုသည်။
ယင်းစီမံချက်များထဲတွင် ရိုးရိုးအလုပ်သမားများနှင့် ချို့တဲ့နွမ်းပါးသူများကို ငွေကြေးအကူအညီပံ့ပိုးပေးမှု၊ အိမ်ထောင်စုအချို့အတွက် မီတာခလျှော့ပေါ့ပေးခြင်းနှင့် အစားအစာနှင့် နေ့စဉ်လိုအပ်ချက်များ မပြတ်လပ်အောင် ထားနိုင်ရေးအတွက် ဒေါ်လာ ၁.၅ သန်း ခွဲဝေပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။ အင်ဒိုနီးရှားတွင် ဧပြီ ၁ အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁,၆၇၇ ဦး၊ သေဆုံးသူ ၁၅၇ ဦးနှင့် ပြန်လည်နာလန်ထူလာသူ ၁၀၃ ဦး ရှိသည်။
အင်ဒိုနီးရှားနိုင်ငံသို့ နိုင်ငံခြားသားများဝင်ရောက်မှုနှင့် တစ်ဆင့်ခံ သွားရောက်ခြင်းကို ပိတ်ပင်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီကလည်း သီးခြားကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများသည် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ၁၄ ရက်ကြာ သီးသန့်စီနေရန် အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မလေးရှားနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသား အများအပြားပြန်လည် ရောက်ရှိလာသည်ဟုလည်း မလေးရှားနိုင်ငံ၏ လှုပ်ရှားသွားလာမှု ထိန်းချုပ်သည့် ညွှန်ကြားချက် MCO ကို ၎င်းက ကိုးကား ပြောကြားခဲ့သည်။ သံတမန်များကိုမူ နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးထားဆဲဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံအတွင်း COVID-19 ပျံ့နှံ့မှုကို တိုက်ဖျက်ရန် သမ္မတက တိကျသည့် လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်ဟုလည်း မာဆူဒီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
