အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၀၀ ကျော်ရှိလာပြီး တရုတ်တွင် သေဆုံးသည့် နှုန်းထက် မြင့်တက်လာစဉ် နယူးယောက်ရှိ Central Park နှင့် US Open တင်းနစ်ပြိုင်ပွဲကျင်းပသည့် အားကစားရုံတွင် အရေးပေါ်ယာယီဆေးရုံများ အသင့်ပြင်ထားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယူးယောက်တွင် လူ ၁,၇၀၀ ကျော် သေဆုံးခဲ့ပြီးနောက် နယူးယောက်ဒေသခံဖြစ်သည့် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်တစ်နိုင်ငံလုံးအတွက် အလွန်စိတ်မချမ်းမြေ့ဖွယ် သတင်း နှစ်ပတ်ဖြစ်လာမည့်အခြေအနေဟု သတိပေးခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှု အဆိုးရွားဆုံးကြုံတွေ့နေရသည့် ဒေသဖြစ်သည့် အမေရိကန်၏ ဘဏ္ဍာရေးမြို့တော် နယူးယောက်တွင် ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်မတိုင်မီကပင် ဆေးရုံဆံ့သည့်ပမာဏကို မြှင့်တင်ရန် အလျင်အမြန် ဆောင်ရွက်နေသည်။
မန်ဟက်တန်၏ အထင်ကရ ပန်းခြံထဲတွင် ထိုးထားသည့် ခုတင် ၆၈ လုံးနှင့် အသက်ရှူထောက်ကူစက် ၁၀ ခု ပါဝင်သော ရွက်ဖျင်တဲ တစ်ဒါဇင်ခန့်သို့ COVID-19 ကူးစက်ခံထားရသည့် လူနာများ စတင်ရောက်ရှိတော့မည် ဖြစ်သည်။
“ Contagion လိုမျိုး ရုပ်ရှင်ဇာတ်ကားတွေကို သင်တို့ကြည့်တဲ့အခါမှာ အဲဒါတွေက အမှန်တရားနဲ့ အရမ်းကင်းကွာပြီး ဘယ်တော့မှ ဖြစ်လာမှမဟုတ်ဘူးလို့ တွေ့ကြမှာ။ အခုတော့ သဘာဝနဲ့ အရမ်းကင်းကွာတယ်လို့ ထင်တဲ့အရာတွေက တကယ်ပဲ ဖြစ်လာတာကို မြင်တွေ့နေရပြီ” ဟု အသက် ၅၇ နှစ်အရွယ်ရှိ Joanne Dunbar က ပြောကြားခဲ့သည်။
အမေရိကန်တစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက်သည် ဧပြီ ၁ ရက် အစောပိုင်းတွင် ၁၈၉,၅၁၀ အထိ မြင့်တက်လာပြီး သေဆုံးသူ ၄,၀၇၆ ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်တွင် သေဆုံးသည့် အရေအတွက်သည် တရုတ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ၃,၃၁၀ ဦးထက် ပိုမိုမြင့်တက်လာပြီဖြစ်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း ပထမဆုံးအတည်ပြုချက် ထုတ်ပြန်ခဲ့သည့် မတ် ၁ ရက်မှ နောက်ပိုင်းတွင် နယူးယောက်ပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၆,၀၀၀ ရှိပြီး သေဆုံးသည့် အရေအတွက်သည် အခြားပြည်နယ်များထက် ပိုများခဲ့သည်။
နယူးယောက်မြို့တွင် သီတင်းနှစ်ပတ် (သို့မဟုတ်) သုံးပတ်အတွင်း အထွတ်အထိပ် ဖြစ်လာနိုင်သည့် ဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် အသင့်ဖြစ်ရန် ကြိုးပမ်းမှုအဖြစ် ဆေးရုံဆံ့သည့် ပမာဏကို သုံးဆ တိုးထားခဲ့ကြောင်း မြို့တော်ဝန် Bill de Blasio က ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ ဘယ်တုန်းကမှ မမြင်ဘူးတဲ့၊ မမှန်းထားခဲ့ဘူးတဲ့ ဆေးရုံပမာဏကို လိုအပ်လာမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံ၏ နေရာအနှံ့တွင် နေ့စဉ် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေ ဆိုးရွားလာပြီဖြစ်သည်။ Central Park တောင်ပိုင်းရှိJavits Convention Center တွင် ယခုအခါ ခုတင် ၃,၀၀၀ နီးပါးခန့်ဖြင့် လည်ပတ်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
