COVID-19 ကပ်ရောဂါသည် ဒုတိယကမ္ဘာစစ်အလွန်တွင် လူသားများ၏ အဆိုးရွားဆုံး အကျပ်အတည်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးခဲ့စဉ် ကမ္ဘာတစ်ဝန်းတွင် မကြုံစဖူး lockdown ပြုလုပ်ခဲ့ကြသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် ဧပြီ ၁ ၌ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။
အမေရိကန်တွင် ပြီးခဲ့သော ၂၄ နာရီ အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးနေ့ ဖြစ်ခဲ့ပြီးနောက် အမေရိကန်ပြည်သူများအနေဖြင့် အလွန်ပြင်းထန်မည့် လာမည့်သီတင်းပတ် အနည်းငယ်အတွက် ကြိုတင်ပြင်ဆင်ထားကြရန် သမ္မတဒေါ်နယ်ထရန့်က သတိပေးခဲ့ပြီးနောက် ဂူတာရက်စ်၏ သတိပေးမှု ထွက်လာခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးတို့အပေါ် ရုတ်တရက် အလွန်အမင်း သက်ရောက်မှုတို့က ပြီးခဲ့သောဆယ်စုနှစ် အနည်းငယ်အတွင်း ရရှိခဲ့သည့် ကမ္ဘာတစ်ဝန်း အတော်အသင့် ငြိမ်းချမ်းမှုကို အမှန်တကယ် အန္တရာယ်ဖြစ်စေကြောင်း ဂူတာရက်စ်က မတ် ၃၁ ၌ ပြောကြားခဲ့သည်။
ထိုရောဂါသည် ကမ္ဘာတစ်ဝန်းရှိ လူအားလုံးအတွက် ခြိမ်းခြောက်မှု မြောက်နေကြောင်း၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုသည် စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မတည်ငြိမ်မှုအား မြင့်တက်စေသော၊ မငြိမ်သက်မှုအား အားကောင်းစေသော၊ ပဋိပက္ခအား အရှိန်ကောင်းစေသော အန္တရာယ်နှင့် အထက်ပါ အချက်နှစ်ချက်တို့ ပေါင်းစပ်လိုက်ပါက ယင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မိမိတို့ရင်ဆိုင်ရသမျှတွင် စိန်ခေါ်မှု အမြင့်မားဆုံးဖြစ်သည်ဟု ယုံကြည်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဂျီ ၂၀ အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက မတ် ၃၁ တွင် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး ဝင်ငွေနိမ့်နိုင်ငံများ၏ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းပေးရန်နှင့် အင်အားကောင်းစ စျေးကွက်များအား အကူအညီပေးပို့ရန် ကတိပြုခဲ့ကြသည်။ ပြင်းထန်သော စီးပွားရေးကျဆင်းမှုမှ ရှောင်လွှဲရန် ကမ္ဘာ့စီးပွားရေးထဲသို့ ဒေါ်လာငါးထရီလျံ ထည့်သွင်းမည်ဖြစ်ကြောင်းလည်း ဂျီ ၂၀ ခေါင်းဆောင်များက ပြီးခဲ့သောသီတင်းပတ်တွင် ကတိပြုခဲ့ကြသည်။
Lockdown လုပ်မှုများသည် ရောဂါကူးစက်မှုများအား ဟန့်တားရာတွင် ဦးစားပေး နည်းလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
ကမ္ဘာတစ်ဝန်း ကုမ္ပဏီများနှင့် စာသင်ကျောင်းများ အများအပြားသည် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်လုပ်ဆောင်ခြင်းနှင့် သင်ကြားခြင်းတို့ကို ပြောင်းလဲခဲ့ကြပြီး ကမ္ဘာပေါ်ရှိ လုပ်သားအင်အားထု၏ အများအပြားသည် အလုပ် မလုပ်နိုင်တော့ဘဲ ယခုအခါ အလွန်အမင်း မရေရာသောအနာဂတ်ကို ရင်ဆိုင်နေရသည်။
Lockdown လုပ်မှုကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲကမ္ဘာတွင် အလွန်အမင်း ပြင်းထန်စွာ ခံစားခဲ့ရသည်။
တူနီးရှားတွင် တစ်ပတ်ကြာ lockdown လုပ်မှုအတွင်း ဆင်းရဲသားများအား မမျှမတ သက်ရောက်ခဲ့မှုကြောင့် လူရာပေါင်းများစွာ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
မြို့တော်တူးနစ်၏ အပြင်ဘက်တွင် ပြုလုပ်ခဲ့သောဆန္ဒပြမှုတစ်ခု၌ ဆန္ဒပြသူတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကို မမှုကြောင်း မိမိတို့သည် မည်သည့်နည်းနှင့်မဆို သေရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့်ပေးရန် တောင်းဆိုကြောင်း အော်ဟစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
