ဂျပန်နိုင်ငံတစ်ဝန်း COVID-19 ဖြစ်ပွားမှုသစ် တစ်ရှိန်ထိုး မြင့်တက်လာနေပြီး အရေးပေါ်အခြေအနေ ကျရောက်လုနီး ကြုံနေရဆဲအချိန်တွင် မြို့တော်တိုကျို၌ အစိုးရကျောင်းများအား ဒုတိယမြောက်လအဖြစ် ဆက်လက်ပိတ်ထားရန် ညွှန်ကြားဖွယ်ရှိကြောင်း အစိုးရထိပ်တန်း ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဧပြီ ၁ တွင် ပြောကြားခဲ့သည်။
လတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်မှု ၂၂၀၀ ဝန်းကျင်နှင့် သေဆုံးသူ ၆၆ ဦး ရှိနေသော ဂျပန်၏အနေအထားသည် အမေရိကန်၊ ဥရောပနှင့် တရုတ်တို့နှင့် နှိုင်းယှဉ်ပါက အတော်အသင့် နည်းပါးနေသော်လည်း ကူးစက်မှုသစ်အရေအတွက်သည် နေ့စဉ်နီးပါး ဆက်လက်မြင့်တက်နေခဲ့သည်။
ကမ္ဘာ့စီးပွားရေး တတိယအင်အားအကြီးဆုံး ဂျပန်အား သက်ရောက်မှုအပါအဝင် ဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုကို အနည်းဆုံးသို့ လျှော့ချနိုင်ရန်အတွက် အစိုးရက လိုအပ်သည့်အရာမှန်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့အတွင်းဝန် ယိုရှီဟီဒေဆူဂါက ပြောကြားခဲ့သည်။
ဂျပန်သည် စီးပွားရေးကျဆင်းမှုအား ကြုံတွေ့နေရပြီးဖြစ်ပြီး နိုင်ငံထဲရှိ ကုန်ထုတ်လုပ်ငန်းများက ခုနစ်နှစ်အတွင်း အဆိုးဘက်မှ ရှုမြင်မှုမြင့်တက်နေကြောင်း ဂျပန်ဘဏ်က ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။
တိုကျိုတွင် နေ့စဉ် ကူးစက်မှုနှုန်းသည် မတ် ၃၁ ၌ ၇၈ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကူးစက်သူစုစုပေါင်း ၅၀၀ ကျော်လာချိန်တွင် အာဏာပိုင်များက lockdown ပြုလုပ်ရန် အခွင့်အာဏာရှိမည့် အရေးပေါ်အခြေအနေကြေညာရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို တောင်းဆိုမှု မြင့်တက်လာခဲ့သည်။ ယင်းကဲ့သို့ lockdown လုပ်ထားစဉ် သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းသည် ဥပဒေအရ မဖြစ်မနေ လိုက်နာမှုထက် ဆန္ဒအလျောက် လုပ်ဆောင်ရမည်ဖြစ်သည်။
အာဘေး၏ မေတ္တာရပ်ခံမှုဖြင့် ဂျပန်တွင် အစိုးရစာသင်ကျောင်းများအား မတ် ၂ မှစတင်၍ ပိတ်ခဲ့သည်။ ဧပြီတွင် ပညာသင်နှစ် စတင်ချိန်၌ အနည်းဆုံးအားဖြင့် ကျောင်းအချို့အား ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း တိုကျိုအစိုးရက ယခင်က ထုတ်ပြန်ခဲ့ဖူးသော်လည်း ယခုအခါ ကျောင်းပိတ်မှုအား မေအထိ တိုးချဲ့နိုင်ကြောင်း အစိုးရရုပ်သံ NHK နှင့် အခြားမီဒီယာများက ဖော်ပြခဲ့သည်။
တိုကျိုပညာရေးဘုတ်အဖွဲ့ကလည်း ကျောင်းပြန်ဖွင့်မည့်အစီအစဉ်ကို ဧပြီ ၁ အစောပိုင်းတွင် ဆွေးနွေးမည်ဖြစ်ကြောင်း Nikkei စီးပွားရေးနေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။
ဒေသခံများအား နေအိမ်ထဲတွင်သာ နေကြရန် ပြီးခဲ့သောသီတင်းပတ်ကုန်၌ မေတ္တာရပ်ခံခဲ့ပြီး ညဘက်တွင် စားသောက်ဆိုင်များနှင့် ဘားများ၌ မထိုင်သင့်ကြောင်းလည်း ပြောကြားခဲ့သော တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ကိုအီကဲက ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဟု မျှော်လင့်ပြီး သတိဖြင့်နေထိုင်ကြရန် ဧပြီ ၁ တွင် ပြောကြားခဲ့သည်။
ဂျပန်တွင် lockdown လုပ်ရန် လူမှုမီဒီယာ၌ တောင်းဆိုမှုမြင့်တက်နေပြီး Twitter အသုံးပြုသူအများအပြားက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြကာ ပြည်ပနိုင်ငံအချို့တွင် lockdown လုပ်မှုအခြေအနေများနှင့် နှိုင်းယှဉ်၍ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
