ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိလာပြီး လေးပုံ သုံးပုံကျော်သည် အီတလီနှင့် စပိန်နိုင်ငံမှ ဖြစ်သည်ဟု တရားဝင်စာရင်းများကို အသုံးပြုပြီး အေအက်ဖ်ပီက ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဥရောပတွင် ကူးစက်သူစုစုပေါင်း ၄၅၈,၆၀၁ ဦး၌ သေဆုံးသူ ၃၀,၀၆၃ ဦး ပါဝင်ခဲ့ပြီး ဥရောပသည် COVID-19 ကို အဆိုးရွားဆုံး ကြုံတွေ့ရသည့် တိုက်ဖြစ်လာခဲ့သည်။ ဥရောပတွင် အီတလီသည် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂,၄၂၈ ဦးဖြင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး စပိန်နှင့် ပြင်သစ်နိုင်ငံတို့သည် သေဆုံးသူ ၈,၁၈၉ ဦးနှင့် ၃,၅၂၃ ဦးတို့ဖြင့် ဒုတိယနှင့် တတိယ အများဆုံးနေရာတွင် ရပ်တည်နေသည်။
Lockdown ချထားမှုများက ဥရောပတွင် လူ ၅၉,၀၀၀ ကို ကယ်တင်နိုင်ခဲ့ဖွယ်ရှိ
တင်းကျပ်သည့် ကန့်သတ်ထိန်းချုပ်မှု စီမံချက်သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရင်ဆိုင်နေရသည့် ဥရောပ ၁၁ နိုင်ငံအနှံ့ရှိ အသက်ပေါင်း ၅၉,၀၀၀ ကို ကယ်တင်ပြီးသား ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဗြိတိန်ရှိ ပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံအများစုသည် Lockdown ချထားခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းကို လျှော့ချနိုင်ခြေရှိသည်ဟု COVID-19 ကြောင့် စံချိန်တင် သေဆုံးခဲ့သည့် အရေအတွက်များအပေါ် စံနမူနာထားမှုများကို အခြေခံပြီး Imperial College London မှ သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
ဥရောပတွင် အီတလီနှင့် စပိန်နိုင်ငံ ကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံများတွင် ကြုံတွေ့ခဲ့သည်များကို အသုံးပြုခဲ့သည့် အစီရင်ခံစာတွင် စာသင်ကျောင်းများ ပိတ်မှု၊ လူမှုရေးလှုပ်ရှားမှုနှင့် အခမ်းအနားများဖျက်သိမ်းမှုနှင့် lockdown ချထားမှုကဲ့သို့သော စီမံချက်များ မလုပ်ဆောင်ပါက ဖြစ်လာနိုင်ခြေရှိမှုတို့ကို ခန့် မှန်းထားချက်နှင့် အမှန်တကယ်သေဆုံးမှုနှုန်းများကို နှိုင်းယှဉ်ခဲ့သည်။
“ လက်ရှိ ပိတ်ပင်ထားမှုတွေဟာ အနည်းဆုံး မတ်လအကုန်ထိ ရှိနေပြီး ဥရောပ ၁၁ နိုင်ငံအနှံ့မှာ ဒီပိတ်ပင်ထားမှုတွေရှိရင် မတ် ၃၁ ရက်အထိ လူ ၅၉,၀၀၀ မသေအောင် တားဆီးနိုင်လိမ့်မယ်” ဟု မတ် ၃၀ ရက်က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မကျဆင်းမီအထိ ကျန်နိုင်ငံများတွင် ပိတ်ဆို့မှုများချမှတ်ခြင်းဖြင့် သေဆုံးမှုအများစုကို ရှောင်လွှဲနိုင်မည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
တရုတ်တွင် ပြီးခဲ့သည့်နှစ်က စတင်ဖြစ်ပွားခဲ့ပြီး လူ ၃၈,၀၀၀ ကျော် သေဆုံးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပျ့ံနှ့ံမှုကို တိုက်ဖျက်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဘီလျံနှင့်ချီသော လူများကို နေအိမ်တွင်သာ နေထိုင်ရန် ညွှန်ကြားခဲ့သည်။
အီတလီတွင် ကျန်းမာရေးစနစ်နှင့် ပတ်သတ်ပြီး စိုးရိမ်ဖွယ်ဖြစ်သော်လည်း lockdown ချသည့် စီမံချက်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကပ်ဘေးမဖြစ်အောင် တားဆီးနိုင်ခဲ့ပြီး လူ ၃၈,၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်ဟု Imperial College ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
စပိန်သုတေသနပညာရှင်များကလည်း အသက်ပေါင်း ၁၆,၀၀၀ ကို ကယ်တင်နိုင်ခဲ့သည်ဟု ခန့်မှန်းခဲ့ပြီး ပြင်သစ်တွင် လူ ၂,၅၀၀၊ ဘယ်လ်ဂျီယံတွင် ၅၆၀၊ ဂျာမနီတွင် ၅၅၀၊ ဗြိတိန်တွင် ၃၇၀၊ ဆွစ်ဇာလန်တွင် ၃၄၀၊ သြစတြီးယားတွင် ၁၄၀၊ ဆွီဒင်တွင် ၈၃ ဦး၊ ဒိန်းမတ်တွင် ၆၉ ဦးနှင့် နော်ဝေတွင် ၁၀ ဦး ကယ်တင်နိုင်ခဲ့သည်ဟု ခန့်မှန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
