ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသရန်အတွက် တုပ်ကွေးကာကွယ်ဆေး Avigan ကို တရုတ်တွင် ကနဦးစမ်းသပ်မှုများ ရလဒ်ကောင်းမွန်ခဲ့ပြီးနောက် ယင်းဆေး၏ ထိရောက်မှုကို လက်တွေ့စမ်းသပ်မှု စတင်နေပြီဖြစ်ကြောင်း ဂျပန်ကုမ္ပဏီ Fujifilm က ဧပြီ ၁ တွင် ပြောကြားခဲ့သည်။
တရုတ်တွင် စမ်းသပ်စစ်ဆေးမှုများအရ Avigan သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာများကို ကုသရာတွင် နာလန်ထူမှု အချိန်လျော့ကျစေရန် အထောက်အကူ ပေးခဲ့နိုင်ကြောင်း ရလဒ်ကောင်းများ ထွက်ခဲ့သည်။
“ ဇွန်လကုန် မတိုင်မီအတွင်း လူနာ ၁၀၀ ကို လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” Fujifilm ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အချက်အလက်များကို စုစည်းသုံးသပ်ပြီး ခွင့်ပြုချက် လျှောက်ထားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အသက် ၂၀ နှင့် ၇၄ နှစ်အကြား၊ နမိုးနီးယား အပြင်းအထန် မရှိသူများကို Avigan ဆေးအား ၁၄ ရက်ကြာ တိုက်ကျွေးမည်ဖြစ်ကြောင်း Fujifilm က ဆိုသည်။
တိရစ္ဆာန်များတွင် စမ်းသပ်မှု၌ ဘေးထွက်ဆိုးကျိုးများ ပြသခဲ့သောကြောင့် လက်တွေ့စမ်းသပ်မှုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဖယ်ထားမည်ဖြစ်ကြောင်း ပြောခွင့်ရသူက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ကုသရန်အတွက် Avigan ကို ခွင့်ပြုပေးရန် လိုအပ်သော လုပ်ငန်းစဉ်အား အစိုးရက စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မတ် ၂၈ တွင် ပြောကြားခဲ့ပြီးနောက် Fujifilm ၏ စမ်းသပ်မှု ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
Avigan တွင် အဓိက ပါဝင်ပစ္စည်းဖြစ်သော Favipiravir ကို တရုတ်က လက်တွေ့စမ်းသပ်မှုများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း တရုတ်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက မတ်လအတွင်းက ပြောကြားထားခဲ့သည်။
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာများကို စမ်းသပ်ကုသမှု နှစ်ခု၌ ယင်းဆေးသည် လူနာများ၏ ပြန်လည်နာလန်ထူချိန်ကို တိုတောင်းစေခဲ့ကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း Fujifilm သည် ထိုစမ်းသပ်မှုများတွင် မပါဝင်ခဲ့ပေ။
Avigan ကို ဂျပန်တွင် တုပ်ကွေးအတွက် ထုတ်လုပ်ရောင်းချရန် တရားဝင် ခွင့်ပြုထားသည်။ Avigan သည် ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကုသရန်အတွက် အကျိုးရှိနိုင်ကြောင်း Fujifilm က စမ်းသပ်မှုအတွက် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ကိုရိုနာ ဗိုင်းရပ်စ်ကို ကုသရန်အတွက် ကမ္ဘာတစ်ဝန်းမှ သုတေသနပညာရှင်များ၊ ကုမ္ပဏီများသည် ဆေးကို ရှာဖွေနေကြပြီး ငှက်ဖျား တိုက်ဖျက်ဆေးနှင့် အိတ်ချ်အိုင်ဗီအတွက် သုံးနေသော ဆေးများကဲ့သို့ ရှိနေဆဲဆေးများကို အာရုံစိုက် စမ်းသပ်နေကြသည်။
Hydroxychloroquine နှင့် chloroquine တို့ကို တရုတ်နှင့် ပြင်သစ်တွင် ကနဦးလေ့လာမှုများ၌ ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ရန်အတွက် အလားအလာကောင်းများ တွေ့ရှိခဲ့သည်ဟု သတင်းများ ထွက်ခဲ့သည်။ သို့သော်လည်း ယင်းဆေးများ၏ထိရောက်မှုကို သက်သေပြရန်အတွက် ကျယ်ပြန့်သော စမ်းသပ်မှုကို ဆောင်ရွက်ရန် လိုအပ်သေးကြောင်း ပညာရှင်များက သတိပေးထားသည်။
အာဂျင်တီးနားမှသည် ထိုင်းအထိ လူနာများ ပါဝင်သော ကမ္ဘာအနှံ့ ကျယ်ပြန့်သော စမ်းသပ်မှုအတွက် ဆေးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရွေးချယ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
