မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို တိုက်ဖျက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍများအတွက် မလိုအပ်သည့် လှုပ်ရှားသွားလာမှုများကို ပိတ်ပင်မှုနှင့် လူ ၅၀ ကျော်ထက်ပို၍ စုဝေးမှုအား တားမြစ်မှုတို့ကို အစိုးရက တစ်လထပ်တိုးခဲ့သည်။
တစ်လကြာ အရေးပေါ်စီမံချက်များသည် မတ် ၃၀ မှ ဧပြီ ၃၀ အထိ သက်ဝင်မည်ဖြစ်သည်။ မက္ကဆီကိုသည် ယင်းစီမံချက် မတိုင်မီ အခြေခံအားဖြင့် မရှိမဖြစ်လိုအပ်မှု မဟုတ်သော အစိုးရဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ပြီး လူထုစုဝေးမှုများကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၉၄ ဦး ရှိပြီး ၂၈ ဦး သေဆုံးခဲ့ပြီးနောက် ယင်းစီမံချက်ကို စတင်ခဲ့ခြင်းဖြစ်သည်။
မက္ကဆီကို နိုင်ငံသားများကို တစ်လကြာ လမ်းပေါ်မထွက်ဘဲနေရန် တိုက်တွန်းကြောင်း လက်ထောက်ကျန်းမာရေးဝန်ကြီး ဟူဂိုလိုပက်ဇ်ဂါတဲက ပြောကြားခဲ့သော်လည်း ယင်းသို့ မလုပ်ဆောင်သူများကို အရေးယူမည်မဟုတ်ဟု ကြေညာခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ရန် အလာအလာများသည့် အသက်အရွယ်ကြီးသူများသည် ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် အခြေခံကျသည့်ကဏ္ဍတွင် အလုပ်လုပ်နေသူများ ဖြစ်သော်ငြားလည်း နေအိမ်တွင်သာ နေထိုင်ရန်အစိုးရက တောင်းဆိုမည်ဖြစ်သည်။ သွေးတိုးနှင့် ဆီးချိုရှိသူများ၊ ကိုယ်ဝန်သည်များလည်း နေအိမ်တွင်သာ နေထိုင်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။
သန်းနဲ့ချီတဲ့ လူတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်ရမယ်။ အိမ်မှာပဲနေပါ။ အိမ်မှာပဲ နေကြပါ” ဟု လိုပက်ဇ်ဂန်တဲက ပြောကြားခဲ့သည်။
ယင်းစီမံချက်သည် အဓိကအားဖြင့် ဆန္ဒအလျောက်ပြုလုပ်ရမည့် စီမံချက်ဟု ယူဆရပြီး နိုင်ငံအတွင်း ရောင်းချနေဆဲဖြစ်သည့် လမ်းဘေးစျေးများကို ပိတ်ပင်မှု ပါဝင်သည့်ပုံ မပေါ်ပေ။ ပြည်နယ်အုပ်ချုပ်ရေးမှူး အချို့ကမူ မဖြစ်မနေ အတင်းအကျပ်လုပ်ခိုင်းရန် ပိုမိုဆန္ဒရှိသည်ဟု ထင်မှတ်ရသည်။
Yucatan ပြည်နယ်အုပ်ချုပ်ရေးမှူး Mauricio Vila က လူထုသွားလာမှုနှင့် စုဝေးမှု ပိတ်ပင်မှုများကို ချိုးဖောက်သူများအား ဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ်ဖြင့် အပြစ်ပေးနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်များအတွင်း ယာဉ်သွားလာမှုသည် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သော်လည်း ယင်းထက် ပိုမိုကျဆင်းရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မက္ကဆီကိုမြောက်ပိုင်းရှိ ဆေးခန်းတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများ အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းကို ၎င်းက အတည်ပြုခဲ့သော်လည်း လူနာများကို ကူးစက်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ ၎င်းတို့သည် ဆရာဝန်တစ်ဦးထံမှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မက္ကဆီကိုတွင် လူထုကျန်းမာရေး အရေးပေါ်အခြေအနေ ထုတ်ပြန်မည်ဖြစ်ပြီး ယင်းထုတ်ပြန်မှုသည် ဧပြီ ၃၀ ရက်အထိ အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောကြားခဲ့သည်။ ယင်းအရေးပေါ်အခြေအနေတွင် လက်ရှိ ထောက်ပံ့ပို့ဆောင်ရေးများ ပါဝင်နိုင်ခြေရှိသည်။ စီမံချက်တွင် ဖော်ပြချက်များကို လိုက်နာခြင်းမရှိသည့် စီးပွားရေးလုပ်ငန်းများသည် ဒဏ်ငွေ (သို့မဟုတ်) ပိတ်သိမ်းခြင်းနှင့် ကြုံတွေ့ရနိုင်ခြေရှိသည်ဟုလည်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သည်။
ဖက်ဒရယ်အစိုးရစီမံချက်သည် နောက်ကျနေပြီး လုံလောက်မှုမရှိဟု မက္ကဆီကို လူ့အဖွဲ့အစည်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥက္ကဋ္ဌဒေါက်တာ Miguel Betacourt က ပြောကြားခဲ့သည်။ မက္ကဆီကိုသည် အခြားနိုင်ငံများထက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နည်းပါးသေးသော်လည်း ကျန်းမာရေးစနစ်သည် အစုလိုက်အပြုံလိုက်ဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းနိုင်မည်မဟုတ်ဟု သမ္မတ Andres Manuel Lopez Obrador က မတ် ၂၇ ရက်တွင် သတိပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
