အီရန်အပေါ် ချမှတ်ထားသော အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ထားသော Instex ယန္တရားအရ ပထမဆုံးအကြိမ် လုပ်ငန်းဆောင်ရွက်မှုအဖြစ် ဥရောပနိုင်ငံများသည် အီရန်သို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Instex ယန္တရားအဖွဲ့အနေဖြင့် ၎င်း၏ ပထမဆုံး အရောင်းအဝယ်လုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်က အတည်ပြုခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်းများကို ဥရောပမှ အီရန်သို့ ချောချောမွေ့မွေ့ဖြင့် တင်ပို့ခဲ့ပြီး လက်ရှိတွင် ထိုကုန်ပစ္စည်းများသည် အီရန်၌ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
Instex ယန္တရား စတင်ဖွဲ့စည်းခြင်းကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် Instex ၏ အောင်မြင်သော ပထမဆုံး အရောင်းအဝယ်လုပ်ငန်း ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပထမဆုံးအရောင်းအဝယ်လုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ပြီး နောက်ထပ် အရောင်းအဝယ်လုပ်ငန်းများနှင့် ယန္တရားအဖွဲ့ ပိုမိုတိုးတက်လာစေရေးကိစ္စအပေါ် Instex နှင့် အီရန်လုပ်ငန်းအဖွဲ့အစည်း STFI တို့ ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ဂျာမနီက ထုတ်ပြန်ခဲ့သည်။
ပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရသည့် အီရန်က ၎င်းထံ ဆေးဘက်ဆိုင်ရာ အကူအညီများ ယခုလအစောပိုင်းတွင် စတင်ပေးပို့ခဲ့သည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ပြီး ထိုစာရင်းထဲတွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ပါဝင်နေသည်။
မတ် ၃၀ ရက်အထိ အီရန်နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်မှာ ၄၀၀၀၀ ကျော်လွန်ခဲ့သည်။ ထိုကပ်ရောဂါသည် လပေါင်းများစွာအထိ ကူးစက်ပျံ့နှံ့နေဦးမည်ဖြစ်ပြီး လူ့အသက်ပေါင်း ၁၀၀၀၀ ကျော် ဆုံးရှုံးနိုင်ဖွယ်ရှိမည့်အရေးကို အီရန်အစိုးရက သတိပေးထားသည်။
မတ် ၃၁ ရက်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၁ ဦးထပ်တိုးလာခဲ့ရာ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်၌ သေဆုံးသူစုစုပေါင်း ၂၉၀၀ နီးပါး ရှိလာခဲ့သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၁၁၁ ဦး ထပ်တိုးလာခဲ့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၄၆၀၆ ဦးထိ ရှိလာခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kianoush Jahanpour က ဆိုသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အီရန်၏ အင်တိုက်အားတိုက် ကြိုးပမ်းနေမှုသည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပိုမိုခက်ခဲကြမ်းတမ်းခဲ့သည်။
၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။ သို့သော် စီးပွားရေးပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန်အတွက် ဖွဲ့စည်းထားသော Instex လုပ်ငန်း အဖွဲ့အစည်းသည် အီရန်အား နျူကလီးယားဗုံး တီထွင်ခြင်းမှ လက်ရှောင်ခိုင်းလျက် နျူကလီးယားသဘောတူစာချုပ်ကို ဆက်လက်တည်မြဲစေရန် ရည်မှန်းထားသည်။
အီရန်အား အကူအညီပေးရန် ထရန့်က ဖေဖော်ဝါရီလကုန်တွင် ကမ်းလှမ်းခဲ့ပြီးနောက် အီရန်ဘာသာရေးခေါင်းဆောင် အယာတို လာခါမေနီက အီရန်အနေဖြင့် အမေရိကန်၏ အကူအညီကို လက်ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
