ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် အာရှ- ပစိဖိတ်ဒေသတွင် ပြီးဆုံးရန် အလှမ်းဝေးနေသေးကြောင်း၊ လတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား တားဆီးရန် လုပ်ဆောင်နေသော တုံ့ပြန်ဆောင်ရွက်မှုများသည် လူမှုဝန်းကျင်၌ ဧရာမ ကူးစက်ပျံ့နှံ့မှုအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် နိုင်ငံများအတွက် အချိန် ရွှေ့ဆိုင်းပေးရုံမျှသာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တာဝန်ရှိသူတစ်ဦးက မတ် ၃၁ တွင် သတိပေးခဲ့သည်။
တုံ့ပြန်ဆောင်ရွက်မှုအားလုံးကို ဆောင်ရွက်လျှင်သော်မှ ကပ်ရောဂါ ဆက်လက်ဖြစ်ပေါ်နေသရွေ့ ဒေသတွင်း၌ ကူးစက်ပျံ့နှံ့မှု အန္တရာယ်သည် ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း WHO ၏ အနောက်ပစိဖိတ်အတွက် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တာကီရှီကာဆာအိက ပြောကြားခဲ့သည်။
ဧရာမ ကူးစက်ပျံ့နှံ့နိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများသည် လူတိုင်းကို ရောက်ရှိစေရမည်ဖြစ်ကြောင်း ကာဆာအိက ဗီဒီယို ကွန်ဖရင့်ပုံစံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကူးစက်မှု တဖြည်းဖြည်းချင်း လျော့နည်းသွားသော နိုင်ငံများအနေဖြင့် သတိမပြတ်ရှိနေသင့်ပြီး မဟုတ်ပါက ကူးစက်မှုသည် တစ်ရှိန်ထိုး မြင့်တက်လာဖွယ်ရှိကြောင်း ၎င်းက သတိပေးခဲ့သည်။
လတ်တလောတွင် ကပ်ရောဂါအတွက် အနောက်ဥရောပနှင့် မြောက်အမေရိကတို့ကို အာရုံစိုက်မှု ရောက်ရှိနေကြကြောင်း ကာဆာအိက ပြောကြားခဲ့သည်။
ဒေသတွင်းရှိ အစိုးရအဖွဲ့အဆင့်ဆင့်သည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း ကာဆာအိက ပြောကြားခဲ့သည်။ ယင်းသည် ရေရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး မိမိတို့သည် ပေါ့ပေါ့ဆဆနေ၍ မရကြောင်း၊ နိုင်ငံတိုင်းသည် မိမိတို့ နိုင်ငံ၏အခြေအနေအလိုက် တုံ့ပြန်မှု ဆက်လက်ပြုလုပ်ကြရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အားလုံးနှင့် ကိုက်ညီသော ချဉ်းကပ်မှုမရှိကြောင်းကို WHO က သဘောပေါက် လက်ခံကြောင်း၊ သို့သော် ဘုံနည်းဗျူဟာများရှိကြောင်း ကာဆာအိက ပြောကြားခဲ့သည်။ ယင်းနည်းဗျူဟာများမှာ ကူးစက်မှုများအား စောစောရှာဖွေခြင်း၊ သီးခြားခွဲထားခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း၊ ထိုကူးစက်သူနှင့် ထိတွေ့ခဲ့သူများအား အလျင်အမြန် ခြေရာခံခြင်းနှင့် ရောဂါခြေချုပ်ဖြင့်ထားခြင်း၊ ရောဂါကူးစက်မှု နှေးကွေးစေရန်နှင့် ရပ်တန့်စေရန်အတွက် လူများအကြား ခွာခွာကင်းကင်း ထားနိုင်ရန်အတွက် အများပြည်သူဆိုင်ရာ ကျန်းမာရေးအဆောက်အအုံများတွင် နေရာချထားခြင်းတို့ ဖြစ်ကြသည်။
အင်ဒိုနီးရှားက ပြည်ပမှရောက်လာသူ အားလုံးကို ဝင်ခွင့်ဆိုင်းငံ့မည်
ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်မှုအား ကြိုတင်ကာကွယ်ရန်အတွက် အင်ဒိုနီးရှားသို့ တိုက်ရိုက်နှင့် တစ်ဆင့်ခံ ဝင်ရောက်လာသော နိုင်ငံခြားသားအားလုံးကို ပိတ်ပင်ရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မတ် ၃၁ တွင် ကြေညာခဲ့သည်။ နေထိုင်ရန် ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားသားများနှင့် သံတမန်အချို၏ လာရောက်မှုမှာမူ ထိုပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထိုပိတ်ပင်မှုအတွက် စည်းမျဉ်းများအား အစိုးရက မတ် ၃၁ တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံသို့ပြန်လာသော အင်ဒိုနီးရှားနိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးမှုကိုလည်း အရှိန်မြှင့်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ဟန့်တားနိုင်ရန်အတွက် ဒေသများအကြား သွားလာမှုများအား တင်းတင်းကျပ်ကျပ် ကန့်သတ်ရန်နှင့် social distancing မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်သွားရန်လည်း စီစဉ်နေကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မတ် ၃၀ တွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
