Top News

ဘောလုံးနှင့်ဖြတ်ကျော်ပြေးနိုင်မှုတွင်ဟာဇက် တတိယနေရာ၌ရပ်တည်
24htopnews | October 23, 2024 12:12 AM CST

ယင်းစာရင်းတွင် ဆယ်လ်တာဗီဂိုအသင်းမှ မော်ရိုကိုတောင်ပံကစားသမား ဘူဖယ်လ်က ၁၄၄ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး နိုက်စ်အသင်းမှ ပြင်သစ်ကစားသမား မက်ဆီမင်က ၁၄၃ ကြိမ်၊ ဟာဇက်က ၁၃၈ ကြိမ်၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၁၃၄ ကြိမ် အသီးသီးရှိခဲ့သည်။

ရီးယဲလ်ကစားသမားဖြစ်လာတော့မည့် ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်သည် ပြီးခဲ့သည့်ရာသီက ဥရောပထိပ်တန်းလိဂ်ငါးခု၌ ဘောလုံးနှင့်အတူဖြတ်ကျော်ပြေးနိုင်မှု(Dribbling) အများဆုံးကစားသမားစာရင်းတွင် တတိယနေရာ၌ရပ်တည်ခဲ့ကြောင်း သိရသည်။

ယင်းစာရင်းတွင် ဆယ်လ်တာဗီဂိုအသင်းမှ မော်ရိုကိုတောင်ပံကစားသမား ဘူဖယ်လ်က ၁၄၄ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့ပြီး နိုက်စ်အသင်းမှ ပြင်သစ်ကစားသမား မက်ဆီမင်က ၁၄၃ ကြိမ်၊ ဟာဇက်က ၁၃၈ ကြိမ်၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ၁၃၄ ကြိမ် အသီးသီးရှိခဲ့သည်။

ရီးယဲလ် အသင်းသည် ဘာနေဗျူးတွင်ပြုလုပ်မည့် ဟာဇက်မိတ်ဆက်ပွဲအခမ်းအနားကို စီရော်နယ်လ်ဒိုကို ခေါ်ယူစဉ်ကထက် ပိုမိုခမ်းနားစွာပြုလုပ်သွားဖွယ်ရှိကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။

ဟာဇက်၏မိတ်ဆက်ပွဲကို ဇွန် ၁၃ ရက် (မြန်မာစံတော်ချိန် ဇွန်လ ၁၄ ရက် နံနက် ဝဝး၃၀ နာရီ) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

READ NEXT
Cancel OK