Top News

CIES မှ နောက်ဆုံးထုတ်ပြန်မှုတွင် PSG တိုက်စစ်မှူး နေမာ၏စျေးကွက်တန်ဖိုးပမာဏ များစွာကျဆင်း
24htopnews | October 23, 2024 12:13 AM CST

CIES သည် ကစားသမား၏စွမ်းဆောင်ရည်၊ အသက်၊ စာချုပ်သက်တမ်းကာလတို့ကို သိပ္ပံနည်းကျကျ အခြေခံကာတွက်ချက်ခြင်းဖြစ်ပြီး ယခုထုတ်ပြန်မှုတွင် ပမာဏအတိအကျ ပါဝင်ခြင်းမရှိဘဲ ခန့်မှန်းတန်ဖိုးသာ ဖော်ပြခဲ့သည်။

 

နာမည်ကျော်အားကစားသုတေသန အဖွဲ့အစည်းဖြစ်သည့် CIES မှ နောက်ဆုံး ထုတ်ပြန်မှုတွင် PSG အသင်းသို့ ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ရောက်ရှိခဲ့သူ တိုက်စစ်မှူး နေမာ၏စျေးကွက် တန်ဖိုးပမာဏမှာ များစွာကျဆင်းခဲ့ကြောင်း သိရသည်။

CIES သည် ကစားသမား၏စွမ်းဆောင်ရည်၊ အသက်၊ စာချုပ်သက်တမ်းကာလတို့ကို သိပ္ပံနည်းကျကျ အခြေခံကာတွက်ချက်ခြင်းဖြစ်ပြီး ယခုထုတ်ပြန်မှုတွင် ပမာဏအတိအကျ ပါဝင်ခြင်းမရှိဘဲ ခန့်မှန်းတန်ဖိုးသာ ဖော်ပြခဲ့သည်။

အသက်၂၇ နှစ်အရွယ်ရှိ နေမာသည် အခြားထိပ်တန်းကစားသမား ၁၂ ဦးနှင့်အတူ  စျေးကွက်တန်ဖိုး ယူရိုသန်း ၁၂၀-၁၅၀ ကြား သာရှိကြောင်း သိရသည်။ လွန်ခဲ့သည့်တစ်နှစ် ခွဲခန့်က နေမာမှာ စျေးကွက်တန်ဖိုး ယူရို ၂၁၃ သန်းဖြင့် မက်ဆီ၊ ဘာပေတို့၏အထက်တွင် ရှိခဲ့ပြီး ခြောက်လအကြာတွင်မူ ယူရို ၁၉၇.၃ သန်းသို့ကျဆင်းကာ ဟာရီကိန်း၏ ကျော်ဖြတ်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီလက နောက်ဆုံးထုတ်ပြန်မှုတွင်မူ နေမာ၏ကလပ်အသင်းဖော် ဘာပေက ယူရို ၂၁၈ သန်းဖြင့် ထိပ်ဆုံးတွင်ရှိခဲ့ပြီး ယင်းပမာဏမှာ နေမာထက် ယူရို ၂၁ သန်း ပိုမိုများပြားခဲ့သည်။ ယခုထုတ်ပြန်သည့် စာရင်းတွင်လည်း ဘာပေက ယူရို သန်း ၂၀၀-၂၅၀ ကြားဖြင့် နံပါတ်တစ် နေရာ၌ ဆက်လက်ရပ်တည်ခဲ့သည်။

 


READ NEXT
Cancel OK