မြန်မာအသင်းတွင် အမာခံကစားသမားအချို့ ပါဝင်သွားခြင်းမရှိဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမကစားသမားများအနက် လေးဦး ရွေးချယ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပသည့် အာရှဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် နာမည်ကြီးထိုင်းအသင်းကို ရှုံးနိမ့်ပြီး ဒုတိယဆုသာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် သုံး ယောက်တွဲပြိုင်ပွဲတွင် အားသာသောကြောင့် မြန်မာအသင်းကို အသာစီးမှ ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းတွင် အမာခံကစားသမားအချို့ ပါဝင်သွားခြင်းမရှိဘဲ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရွေးချယ်လေ့ကျင့်ပေးလျက်ရှိသည့် ပဏာမကစားသမားများအနက် လေးဦး ရွေးချယ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုပွဲများတွင် သုံးပွဲစလုံး အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် မလေးရှားကို (၂-၁) ပွဲ၊ ဂျပန်ကို (၂-၀) ပွဲ၊ တရုတ်ကို (၂-၀) ပွဲတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
