နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က မိမိတို့အနေဖြင့် ရီးယဲလ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အီတလီရုပ်သံ Sport Mediaset သို့ ပြောကြားခဲ့သည်။
နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က မိမိတို့အနေဖြင့် ရီးယဲလ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်အား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အီတလီရုပ်သံ Sport Mediaset သို့ ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကိုအင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေပြီး အီကာဒီ၊ လိုဇာနိုနှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ကဲ့သို့ နာမည်ကျော်ကစားသမား ခေါ်ယူရန် ချိတ်ဆက်လျက်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
သို့သော် ဒီလော်ရန်တစ်က မိမိတို့အနေဖြင့် အင်တာမီလန်တိုက်စစ်မှူး အီကာဒီကို ခေါ်ယူမည်မဟုတ်ကြောင်း Sport Mediaset နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဒီလော်ရန်တစ်က "ကျွန်တော့်အနေနဲ့ အီကာဒီကို ခေါ်ယူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်နဲ့ လိုဇာနိုတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ"ဟု ပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီကုန်တွင် (၂) ရာသီကြာ အငှားသွားရောက်ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲခဲ့ပြီး လက်ရှိတွင် ရီးယဲလ်အသင်းသို့ ပြန်ရောက်ရှိနေသည်။
သို့သော် ယခုနွေရာသီတွင် အပြောင်းအရွှေ့များစွာပြုလုပ်နေသော ရီးယဲလ်အသင်းနည်းပြ ဇီဒန်းသည် ဟာမီးစ်ရိုဒရီဂွက်ဇ်ကို နှစ်သက်ခြင်းမရှိဘဲ ရောင်းချသွားရန် စီစဉ်နေကြောင်း စပိန်မီဒီယာများ ဖော်ပြခဲ့သည်။
နာပိုလီအသင်းသည် ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ယူရို (၄၂) သန်းထက် လျော့နည်းသည့် ပမာဏတစ်ရပ်ဖြင့် ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်သည် နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီနှင့် ရီးယဲလ်အသင်းတွင် (၁) ရာသီ လက်တွဲဖူးသူဖြစ်ပြီး သူ၏အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ဟာမီးစ်ရိုဒရီဂွက်ဇ်အနေဖြင့် နာပိုလီအသင်းသို့ ပြောင်းရွှေ့ရန် အတားအဆီးမရှိကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
