ဘရာဇီးလ်အသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗားက ကွင်းလယ်လူ ကော်တင်ဟိုအနေဖြင့် နေမာမပါဝင်နိုင်ချိန်တွင် အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗားက ကွင်းလယ်လူ ကော်တင်ဟိုအနေဖြင့် နေမာမပါဝင်နိုင်ချိန်တွင် အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်း၏ အဓိကတိုက်စစ်ကစားသမားဖြစ်သူ နေမာမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကိုပါအမေရိကပြိုင်ပွဲနှင့် လွဲချော်ခဲ့ပြီး နေမာ၏ နေရာကို ကော်တင်ဟိုက ဖြည့်ပေးနိုင်ရန် လိုအပ်သည်ဟု ဆေးလ်ဗားက ဆိုခဲ့ခြင်းဖြစ်သည်။
ဆေးလ်ဗားက ''ခြေစမ်းပွဲတွေမှာတော့ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက ကောင်းပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းပရိသတ်တွေက သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့ ပွဲတွေလည်းမနည်းပါဘူး။ ဒါပေမဲ့ ဘရာဇီးလ်အသင်းမှာတော့ ကော်တင်ဟိုက အဓိကကစားသမားပါ။ အခုလို နေမာမရှိချိန်မှာ သူ့ရဲ့အရေးပါမှုက ပိုပြီးတော့တောင် ထင်ရှားပါသေးတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ (၂)ပွဲမှာ ကော်တင်ဟိုအနေနဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကော်တင်ဟိုခြေစွမ်းပြနို်င်တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ အဓိကကစားသမား နေမာမပါနိုင်ချိန်မှာ ကော်တင်ဟိုရဲ့ခြေစွမ်းပြမှုတွေကို ကျွန်တော်တို့ အများကြီး လိုအပ်ပါတယ်" ဟုပြောကြားခဲ့သည်။
ကော်တင်ဟိုသည် ပြီးခဲ့သည့် ဘရာဇီးလ် (၇-၀) ဟွန်ဒူးရပ်စ်ပွဲတွင် ဘရာဇီးလ်အသင်းအတွက် (၁)ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု (၁)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။
ဘရာဇီးလ်အသင်းသည် ဇွန်လ (၁၄)ရက်နေ့တွင် ၂၀၁၉ ကိုပါအမေရိက ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
