ရိုးမားအသင်းသည် အသင်းနည်းပြသစ်အဖြစ် ကာလရှည်သတင်းထွက်နေသည့် ရှက်တာဒိုးနက်အသင်းနည်းပြ ပေါ်လိုဖွန်ဆီကာကို ဇွန် (၁၁)ရက်က အတည်ပြု ခန့်အပ်ခဲ့သည်။
ပေါ်တူဂီနိုင်ငံသား ဖွန်ဆီကာသည် ရှက်တာဒိုးနက်အသင်းကို ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအထိဖြစ်သော်လည်း ရိုးမားအသင်းမှ ကမ်းလှမ်းခဲ့မှုကြောင့် ရှက်တာဒိုးနက်အသင်းနှင့် နှစ်ဦးသဘောတူညီမှုရယူကာ လွတ်လပ်စွာထွက်ခွာခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ရိုးမားအသင်းသည် ဖွန်ဆီကာကို (၂) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်း (၁)နှစ်ထပ်မံတိုးမြှင့်ခွင့်ရှိသည့်အချက်ကိုလည်း ထည့်သွင်းထားခဲ့သည်။
အီတလီမီဒီယာများတွင် ဖော်ပြချက်အရ အသက် (၄၆) နှစ်အရွယ်ရှိပြီဖြစ်သူ ဖွန်ဆီကာအနေဖြင့် တစ်နှစ်လုပ်ခ ယူရို (၂)သန်းရရှိမည်ဖြစ်သည် ဟု သိရသည်။
"ရိုးမားနည်းပြအဖြစ် တာဝန်ပေးခံရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တွန်အားတစ်ခုလည်း ဖြစ်ပါတယ်။ ရောမကို ပြောင်းရွှေ့ဖို့၊ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး စတင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ အထူးကောင်းမွန်တဲ့အရာတချို့ကို ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ဖွန်ဆီကာက ပြောကြားခဲ့သည်။
ဖွန်ဆီကာသည် ရှက်တာဒိုးနက်အသင်းတွင် ယူကရိန်းပရီးမီးယားလိဂ်ဖလားနှင့် ယူကရိန်းဖလား (၃)နှစ်ဆက်၊ ယူကရိန်းစူပါဖလား (၁) ကြိမ်ရရှိခဲ့ပြီး ယင်းမတိုင်မီက ပေါ်တို၊ စပို့တင်းဘရာဂါအသင်းများအပါအဝင် ပေါ်တူဂီကလပ်အသင်း (၇)သင်းကို ကိုင်တွယ်ခဲ့သည်။
ပေါ်တိုအသင်းနှင့် ပေါ်တူဂီစူပါဖလား (၁) ကြိမ်၊ စပို့တင်းဘရာဂါအသင်းနှင့် ပေါ်တူဂီဖလား (၁) ကြိမ် ရရှိခဲ့ဖူးကြောင်း သိရသည်။
ရိုးမားအသင်းဥက္ကဋ္ဌ ဖြစ်သူ ပယ်လော့တာက နည်းပြသစ် ဖွန်ဆီကာနှင့်ပတ်သက်ပြီး "ပေါ်လိုဟာ ရည်မှန်းချက်ကြီးမားတဲ့ နည်းပြတစ်ယောက်ပါပဲ။ သူ့ မှာ နိုင်ငံတကာအတွေ့အကြုံရှိပြီး အနိုင်ရလိုစိတ်လည်း ပြင်းထန်သူပါ။ ဒါ့အပြင် သူ့ရဲ့ တိုက်စစ်ကစားဟန်ကြောင့် နာမည်ဂုဏ်သ တင်းလည်း ကျော်စောသူဖြစ်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
