ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေရှည်သန့်ရှင်းသာယာလှပရေး ရေကြီးရေလျှံမှုကြောင့် မျောပါနေသည့် ကျွန်းမျှောများ၊ အမှိုက်သရိုက်များနှင့် ဒိုက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က မှာကြားလိုက်သည်။
ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည့် အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန် ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဒေသ ရေရရှိရေး၊ လျှပ်စစ်မီး ပြန်လည်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပုံမှန်အတိုင်း အ ဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားရန်နှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် အင်းလေးကန်အတွင်း မျှောပါနေသည့် ကျွန်းမျှောများ ဆယ်ယူရေး အမှိုက်သရိုက်များနှင့် ဒိုက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အမြန်ဆုံးရှင်းလင်းကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အင်းလေးကန်ရေရှည် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဒေသအတွင်း သောက်ရေနှင့် သုံးရေလိုအပ်ချက်အတွက် အသုံးပြုနိုင်ရန် ကျပ်သိန်း (၁၀၀)ကို ပေးအပ်လှူဒါန်းရာ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်းသားစာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း (ရေကြည်ရေကောင်း ရရှိရေးအဖွဲ့)မှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ရေကြီးရေလျှံမှုများကြုံတွေ့ခဲ့ရသည့် ညောင်ရွှေမြို့နယ်အတွင်းရှိ မြေထိန်းနံရံနိမ့်ဆင်းသွားသည့် ဖောင်တော်ဆိပ်မြေထိန်းနံရံ ပြန်လည်ပြုပြင်ရေး၊ ညောင်ရွှေမြို့ မင်္ဂလာဈေး ပြန်လည်ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးအနီး ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ရေစီးရေလာ ကော င်းမွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့ပြင် ညောင်ရွှေမြို့အဝင်ရှိ သာစည်ကန်နှင့် နဒီကန်တွင် တောင်တူးစက်ဖြင့် သဲနှုန်းများ ပြန်လည် တူးဖော်ဆယ်ထုတ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
