
လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ဒေါ်လာသန်း ၄၂၀ ရှိသည်။
“ကျောက်စိမ်းက ဒီဘဏ္ဍာနှစ်အတွင်း တင်ပို့ထားတာက ဒေါ်လာသန်း ၄၂၀ ရှိတယ်။ ယခင်ကာလတူနဲ့ ယှဉ်ရင်တော့ ဒေါ်လာ ၁၆၂ သန်းပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ ၁၆၂ သန်းအထိ ပိုမိုရရှိထားသည်။
ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင် ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။
“အဓိကကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာ ဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာလေပဲ။ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားထားသည်။
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ သိရသည်။
စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရမည့် ကျောက်မျက်ရတနာများ ရောင်းရငွေအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ကောက်ခံခဲ့ကြောင်း သိရသည်။
အရောင်းပြေစာစာအုပ်Cash Memo ဖြင့် ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချပါက ပြည်ပရှိ ဘဏ်များမှထုတ်ဝေသည့် Visa, Master, JCB, CUP အစရှိသည့် Debit/ Credit Card တို့ဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ ဝယ်ယူသူ၏အမည်၊ Passport နံပါတ်နှင့် ငွေသားအသုံးပြု ကတ်နံပါတ်တို့ကို သိသာထင်ရှားစွာ ဖြည့်သွင်းဆောင်ရွက်ရမည်၊ လက်ခံရောင်းချသည့် ကတ်အမျိုးအစား Visa, Master, JCB, CUP ကို နောက်ဆက်တွဲ(ခ)ပါ ပုံစံအတိုင်း ရှင်းလင်းစွာ ဖော်ပြရမည်၊ အဆိုပါလုပ်ငန်းစဉ်များအပြင် အခါအားလျော်စွာ ထုတ်ပြန်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်