ဂရိနိုင်ငံတွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက COVID-19 ကူးစက်မှုနှုန်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ဆေးရုံများတွင် ဖိအားများနှင့် စတင်ရင်ဆိုင်နေရချိန်တွင် ဝန်ကြီးချုပ် ခိုင်ရီယာကိုစ့်မစ်ဆိုတာ ကစ်က ဂရိတွင် COVID-19 စတုတ္ထလှိုင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဂရိတွင် နိုဝင်ဘာ ၉ ရက်က နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆၁၃ ဦး စံချိန်တင်မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်က နေ့အလိုက်ကူးစက်ခံရသူထက် နှစ်ဆပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားပြည်သူ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၉ ရက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၆ ဦးရှိပြီး နိုဝင်ဘာ ၈ ရက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၅ ဦးရှိခဲ့သည်။
“ကျွန်တော်တို့ စတုတ္ထလှိုင်းနဲ့ ရင်ဆိုင်နေရပါပြီ။ အဓိကစိုးရိမ်တာကတော့ ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေကိုပါ” ဟု မစ်ဆိုတာကစ်က နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရက်တီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်ညနေပိုင်းတွင် ပြောကြားခဲ့သည်။
“အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ ပိုမိုမြင့်တက်လာဖို့ အာရုံစိုက်နေပြီး Lockdown မချမှတ်ရဘဲ ကန့်သတ်ချက်စည်းမျဉ်းတွေနဲ့ ကူးစက်သူဦးရေကို လျော့နည်းလာအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် COVID-19 ကာကွယ်ဆေးထိုးနှံမှုနှုန်း လျော့နည်းနေသည့် ဂရိနိုင်ငံတွင် မကြာသေးမီရက်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆိုးဆုံးအခြေအနေနှင့် တွေ့ကြုံနေရသည်။
နိုင်ငံ၏ ဒုတိယမြို့ဖြစ်သည့် သက်ဆာလိုနီကီမြို့တွင် ဆေးရုံများ၌ COVID-19 လူနာများဖြင့် ပြည့်လျှံနေသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းအတွင်း ကြုံတွေ့ရသည့် ဝရုန်းသုန်းကား အခြေအနေကဲ့သို့ ကြုံတွေ့နေရသည်ဟု Papanikolaou ဆေးရုံ၏ အရေးပေါ်ဌာနအကြီးအကဲ နီကိုစ့်ကာပရာ ဗီလိုစ့်က သတိပေးပြောကြားခဲ့သည်။
အမိုးအကာမပါဘဲ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် အဆောက်အဦးအတွင်း ဖွင့်လှစ်ထားသည့် ပြည်သူ့နေရာများတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ် မဖြစ်မနေ ပြသရမည်ဟု ကျန်းမာရေးအာဏာပိုင်များက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
အဆောက်အဦးအတွင်းနှင့် အဆောက်အဦးအပြင်ဘက်တွင် လူစုဝေးမှုများ၌ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရသည့် စည်းမျဉ်းကို ဆက်လက်ထုတ်ပြန်ထားသည်။ သို့သော် ဒေသအများအပြားတွင် ယင်း ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို လေးစားလိုက်နာခြင်းမရှိပေ။
ဂရိတွင် လူဦးရေ၏ ၆၁ ဒသမ ၂ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးနှစ်လုံး ထိုးနှံပြီးစီးသည့်တိုင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေသေးသည်ဟု အကြီးတန်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ မာရီယိုစ့်သယ်မစ်တော့လီယက်စ်က သတိပေးပြောကြားခဲ့သည်။ COVID-19 ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံရန် လာရောက်စာရင်းပေးသူအရေအတွက်မှာ မကြာသေးမီ ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဂရိလူဦးရေ၏ ၆၁ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးသော်လည်း အီးယူ၏ ပျမ်းမျှ ၇၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးစီးသည့် စံနှုန်းကို ပြည့်မီခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
