ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သိပ္ပံပညာရှင်ချုပ် ဆိုမြာဆွာမီနာသန်က နှာခေါင်းဖြန်းဆေးနှင့် သောက်ဆေးပုံစံအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၏ ဒုတိယမျိုးဆက်ကို စောင့်မျှော်လျက်ရှိကြောင်း နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကာကွယ်ဆေးများသည် လက်ရှိအနေအထားအပေါ် များစွာအားသာချက် ရှိနိုင်မည်ဖြစ်ပြီး ယင်းကာကွယ်ဆေးများသည် ထိုးဆေးများထက် ပိုမိုလွယ်ကူမည်ဖြစ်ကာ မိမိကိုယ်တိုင် အလွယ်တကူ သောက်သုံးနိုင်လိမ့်မည်ဟု ဆွာမီနာသန်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် လူသားများနှင့် စမ်းသပ်နေဆဲ မတူညီသည့် ဆေးကုမ္ပဏီများမှ ကာကွယ်ဆေး အမျိုးအစားပေါင်း ၁၂၉ ခုရှိပြီး နောက်ထပ်ကာကွယ်ဆေး အမျိုးအစား ၁၉၄ ခုမှာ လက်ရှိအချိန်အထိ ဖွံ့ဖြိုးမှုတစ်စုံတစ်ရာမရှိသေးဘဲ ဓာတ်ခွဲခန်းတွင်သာ ဆက်လက်လုပ်ကိုင်နေဆဲ အခြေအနေဖြစ်သည်ဟု ဆွာမီနာသန်က ပြောကြားခဲ့သည်။
“ဒီကာကွယ်ဆေးတွေဟာ နည်းပညာတစ်ခုလုံးကို အကျုံးဝင်ပါတယ်” ဟု ၎င်းက WHO လူမှုမီဒီယာ ချန်နယ်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။
“ဒီကာကွယ်ဆေးတွေက တီထွင်ထုတ်လုပ်နေဆဲ အခြေအနေမှာတင် ရှိပါသေးတယ်။ ဒီကာကွယ်ဆေးတွေထဲကအချို့ကတော့ အရမ်းဘေးကင်းလုံခြုံမှုရှိပြီး ထိရောက်တယ်ဆိုတဲ့ အထောက်အထားတွေ ပြသနိုင်ပြီး အချို့တွေကတော့ ဒီလိုပြသနိုင်ဖွယ်မရှိပါဘူး” ဟု ဆွာမီနာသန်က ဆိုသည်။
“ဒုတိယမျိုးဆက် COVID-19 ကာကွယ်ဆေးအချို့မှာ အားသာချက်တွေရှိနိုင်ပါတယ်။ တကယ်လို့သင်တို့မှာ သောက်သုံးနိုင်တဲ့ ကာကွယ်ဆေး ဒါမှမဟုတ် နှာခေါင်းဖြန်းတဲ့ ကာကွယ်ဆေးတွေရှိနေမယ်ဆိုရင် ဒီကာကွယ်ဆေးတွေက ထိုးဆေးတွေထက် ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ နောက်ဆုံး ကျွန်မတို့အနေနဲ့ တစ်ခုခုကို ရွေးချယ်ရမယ်ဆိုရင် ပိုပြီးအဆင်ပြေတာကို ရွေးချယ်နိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
“တကယ်လို့ COVID-19 အတွက် မဟုတ်ရင်တော့ အနာဂတ်မှာပေါ်လာမယ့် အခြားကူးစက်ရောဂါတွေအတွက် ဒီပလက်ဖောင်းတွေကို အသုံးပြုနိုင်ပါလိမ့်မယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် WHO သည် Pfizer/BioNTech၊ Moderna၊ Astra Zeneca၊ Johnson & Johnson Sinopharm၊ Sinovac နှင့် Bharat Biotech ဆေးကုမ္ပဏီတို့မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး ခုနစ်မျိုးကိုသာ အရေးပေါ်အသုံးပြုရန် အတည်ပြုထားသည်။
“ဘယ်ကာကွယ်ဆေးကမှ သူတို့ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ အတည်မပြုထားပါဘူး။ ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကာကွယ်နိုင်စွမ်းအတိုင်းအတာတစ်ခုအတွက်တော့ သုညနဲ့နှိုှုင်းယှဉ်မယ်ဆိုရင်တော့ စိတ်ကျေနပ်ဖွယ်ပမာဏပါ” ဟု ဆွာမီနာသန်က ပြောကြားခဲ့သည်။
“ကျွန်မတို့တွေ လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ဒီကာကွယ်ဆေးတွေဟာ စိုးရိမ်ရလောက်တဲ့ လက္ခဏာတစ်စုံတစ်ရာ ပြသတာမျိုးတွေ မရှိပါဘူး။ ကောင်းပြီ ဒါဆိုရင် ဒီကာကွယ်ဆေးတွေကို ထပ်မံစဉ်းစားဖို့ လိုအပ်နေပါပြီ” ဟု ဆွာမီနာသန်က ဆိုသည်။ လက်ရှိကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးအလုံးရေ ၇.၂၅ဘီလျံကျော် ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
