ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က စစ်လေယာဉ်တစ်စီးဖြင့် ရောက်ရှိခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းခရီးစဉ်ကို ဝေဖန်ရှုတ်ချခဲ့ပြီးနောက် တရုတ်သည် ထိုင်ဝမ်ရေလက် ကြားကို ဦးတည်ပြီး တိုက်ပွဲဝင်ရန် အသင့်ရှိမှု ကင်းထောက်လှမ်းရေး ပြုလုပ်ခဲ့သည်ဟု တရုတ်စစ်တပ်က နိုဝင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ကင်းလှည့်မှုသည် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး သက်ဆိုင်သည့် နိုင်ငံများ၏ အလွန်မှားယွင်းသည့် စကားလုံးများနှင့် လုပ်ဆောင်ချက်များ၊ ထိုင်ဝမ်ရှိ လွတ်လပ်ရေးလိုလားသည့် အင်အားစု၏ လှုပ်ရှားမှုများကို ရည်ရွယ်ခြင်းဖြစ်သည်ဟု တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက အစီရင်ခံစာတစ်ရပ်တွင် ပြောကြားခဲ့သည်။
တရုတ်အစိုးရသည့် ၎င်း၏ နယ်နိမိတ်ဟု မှတ်ယူထားသည့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အနီးတွင် စစ်လေယာဉ်များ မကြာခဏစေလွှတ်ခဲ့ပြီး ယင်းဖြစ်စဉ်များကို ထိုင်ဝမ်က စောဒကတက်ခဲ့မှုနှင့်အတူ မကြာ သေးမီလများအတွင်းက ရေလက်ကြား ဖြတ်ကျော်တင်းမာမှုများ မြင့်တက်ခဲ့သည်။
နိုဝင်ဘာ ၉ ရက်က တရုတ်စစ်တပ်မှ J-16 တိုက်လေယာဉ်လေးစီးနှင့် ကင်းထောက်လေယာဉ် နှစ်စီးသည် ထိုင်ဝမ်၏ အနောက်တောင်ပိုင်း လေကြောင်းကာကွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၉ ရက်တွင် ထိုင်ဝမ်မီဒီယာများ၏ ဖော်ပြချက်အရ အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အဖွဲ့ဝင်များသည် တိုင်ပေသို့ စစ်လေယာဉ်တစ်စီးဖြင့် ရောက်ရှိခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း ယင်းကိုယ်စားလှယ်များ၏ အကြောင်းကို အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။
ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ထိုင်ဝမ်ဝန်ကြီးချုပ် ဆုဆန်ချန်းအား သတင်းထောက်များက နိုဝင်ဘာ ၁၀ ရက်တွင် မေးမြန်းခဲ့ရာတွင် ဆုကထိုင်ဝမ်နှင့် အမေရိကန်ဆက်ဆံရေးများသည် အလွန်အရေးကြီးပြီး ၎င်းအနေဖြင့် မိတ်ဆွေများအကြား အပြန်အလှန် လည်ပတ်မှုများကို လေးစားကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် သင့်လျော်သည့် စီမံဆောင်ရွက်မှုများကို အပြန်အလှန်လိုအပ်ချက်များအပေါ် အခြေခံပြီးလုပ်ဆောင်သွားမည်ဟု ဆုက ပြောကြားခဲ့သော်လည်း အသေးစိတ်ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။
တရားဝင်သံတမန် ဆက်ဆံရေးမရှိမှုကြောင့် အမေရိကန်၏ သံရုံးပုံစံမျိုးဖြစ်နေသည့် ထိုင်ဝမ်ရှိ အမေရိကန် အင်စတီကျုကလည်း သတင်းထောက်များ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ အမေရိကန်လွှတ်တော်အဖွဲ့ဝင်များသည် စစ်လေယာဉ်ဖြင့် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ကြောင်းနှင့် ယင်းခရီးစဉ်ကို မိမိတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖုန်းလျန်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ်ကို ရှုတ်ချခဲ့သော်လည်း စစ်ပွဲသည် ဖြစ်အံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်ဆိုသည့် ထင်ကြေးပေးမှုများကို ငြင်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
