ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ သက်ရောက်ခြင်းကို ဗီဒီယိုကွန်ဖရင့် မှတစ်ဆင့် ဆွေးနွေးမည်ဖြစ်ကြောင်း မေ ၁၂ ရက်တွင် သံတမန်များက ပြောကြားခဲ့သည်။
မေ ၁၄ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် တံခါးပိတ်ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်နိုင်ငံသူ ခရစ္စတင်းရှရနာဘာဂျန်နာက ယင်းဆွေးနွေးပွဲ၌ မှတ်ချက်များပေးရန် စီစဉ်ထားသည်။
ဧပြီလကုန်၌ ကုလသမဂ္ဂအမှတ်တံဆိပ်ပါသော မော်တော်ယာဉ်သည် ချုံခိုတိုက်ခိုက်ခံရပြီး မြန်မာအစိုးရကျန်းမာရေးဝန်ထမ်း တစ်ဦး ဒဏ်ရာရရှိကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အတွက် အလုပ်လုပ်ကိုင်ပေးနေသည့် ယာဉ်မောင်းသူ သေဆုံးခဲ့သည်။ ၄င်းတို့သည် ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌ COVID-19 နှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေးရန် နမူနာယူခြင်း သွားရောက်ဆောင်ရွက်စဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မြန်မာတပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က ယင်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သည်။ ဂူတာရက်က ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် အပြည့်အဝပြုလုပ်ရန်နှင့် ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူများကို တရားဥပဒေအရ ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ဂူတာရက်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံး ပစ်ခတ်ရပ်စဲရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုမှ နေရပ်စွန့်ခွာခဲ့ရသူများကို ကာကွယ်စောင့်ရှောက်မှုပေးရန် တောင်းဆိုမှုများ မြင့်တက်နေသည့်အကြား ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ နောက်ဆုံးအစည်းအဝေးကို ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံကို ကျောထောက်နောက်ခံပြုပေးထားပြီး မြန်မာနိုင်ငံကိစ္စ၌ ကုလသမဂ္ဂ၏ ကြားဝင်မှုကို အမြဲတမ်း ကန့်ကွတ်ခဲ့သည့် တရုတ်နိုင်ငံက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကို တားဆီးကာကွယ်ခဲ့သည်။
လွန်ခဲ့သည့်နှစ် အစပိုင်း၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူအများအပြားသေဆုံးကာ ရာနှင့်ချီလျက် ဒဏ်ရာရရှိပြီး သောင်းနှင့်ချီလျက် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့က မတော်မတရားမှုများ ကျူးလွန်ကြောင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ယင်းဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဟု ဖော်ပြခဲ့ကြသည်။
အကြမ်းဖက်မှုများအတွင်း ဘင်္ဂါလီမွတ်စလင်များ မည်မျှသေဆုံးခဲ့သည်ကို အတိအကျ သိရှိရခြင်းမရှိသော်လည်း NGO အဖွဲ့များစွာက အနည်းဆုံး ထောင်နှင့်ချီလျက် သေဆုံးခဲ့နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။
ရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မေ ၁၁ ရက်တွင် အတိုချုပ်ရှင်းလင်းပြောကြားမှုတစ်ရပ်၌ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးစီမံချက်အဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီတို့သည် ရခိုင်ပြည်နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လအထိ နားလည်မှု စာချွန်လွှာကို သက်တမ်းတိုးရန် သဘောတူညီချက်တစ်ရပ် ရရှိထားကြောင်း ပြောကြားခဲ့သည်။
ယင်း နားလည်မှုစာချွန်လွှာသည် ဘင်္ဂလားဒေ့ရှ်မှ ဘဂါင်္လီမွတ်စလင်ဒုက္ခသည်များကို မိမိတို့ သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ အဆက်မပြတ် ပြန်လည်လက်ခံရေးကို ခွင့်ပြုရန် ရည်ရွယ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
