ဒေးဗစ်လား Hotel Quarantine မှ ထွက်သွားပြီဖြစ်ကြောင်း ဟိုတယ်ဘက်မှ Eleven Media Group သို့ တမင်သက်သက် မှားယွင်းဖြေဆိုခြင်းသာ ဖြစ်သည်။
City Hotel Yangon တွင် ဒေးဗစ်လား Quarantine နေချင်း ရှိ မရှိကို မေ ၁၁ ရက်နှင့် ၁၂ ရက်တွင် နှစ်ကြိမ်တိုင် ဟိုတယ် လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည့် ဖုန်း ၀၁၂၅၆၉၃၈ အား ဆက်သွယ်ရာ စောဒေးဗစ်လားသည် ဟိုတယ်မှ Check Out လုပ်သွားပြီဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ထို့နောက် ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက Quarantine တွင် ရှိနေသေးကြောင်း ၄င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသဖြင့် ဟိုတယ်သို့ မေ ၁၂ ရက်ညနေ ၄ နာရီ မိနစ် ၂၀ တွင် ထပ်မံဆက်သွယ်ရာ “ အဲ့ဒါညီမတို့က မသိရဘူး။ အခုက Confidential ဖြစ်နေလို့ ညီမတို့ မသိဘဲပြောလိုက်မိတာ” ဟု City Hotel Yangon က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် Eleven Media Group က မေ ၁၂ ရက် ညနေ ၄ နာရီကျော်ခန့်က ဗိုလ်တစ်ထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းအား မေးမြန်းရာ “ ရှိသေးတယ်။ ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်ရဲကော၊ တာဝန်ခံဆရာဝန်တွေ ရှိတယ်။ အဖွဲ့တွေအားလုံး စုံစမ်းပြီးပါပြီ၊ ရှိပါတယ်ခင်ဗျ၊ Quarantine က မနက်ဖြန်ခါဆို (မေ ၁၃) ပြည့်ပြီပြောတယ်။ မနက်ဖြန်ကထွက်ရက်ပေါ့၊ အတိအကျတော့ပြောလို့ မရပါဘူး။ ကျန်းမာရေးဌာနက ရက်သတ်မှတ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒီလိုတော့ကြားပါတယ်။ အခုတောင် အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မရမ်းကုန်းရဲ ရောက်ပြီး စစ်နေပါတယ်။ ဟိုတယ်ကိုရောက်နေတာပါ၊ မလှိမ့်တစ်ပတ်လုပ်လို့မရပါဘူး” ဟု ပြောကြားသည်။
ဒေးဗစ်လား ဟိုတယ်မှ ထွက်ခွာသွားခြင်း ရှိ မရှိအား ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးနိုင်ငံလင်းထံသို့ မေ ၁၂ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နှစ်ကြိမ်တိတိ ဆက်သွယ် မေးမြန်းခဲ့သည်။
ယင်းသို့ မေးမြန်းရာတွင် ဦးနိုင်ငံလင်းက “ အဲ့ဒါကို ကျွန်တော်မသိသေးဘူးဗျ။ ဒီနေ့က အစည်းအဝေးတွေရှိတယ်။ ကျွန်တော် သိတာနဲ့ပြန်ပြောမယ်။ ကျွန်တော်တို့ ဆီကို ဘာသတင်းမှ မပို့သေးဘူး။ ကျွန်တော်မေးတာလည်း ဘယ်သူမှ မဖြေဘူး။ ကျွန်တော်တို့ သေချာမသိသေးဘူး။ တိုင်းကျန်းမာရေးကို ဖုန်းဆက်တာလည်း မကိုင်သေးဘူး။ တစ်ခါတည်း တိုင်းကျန်းမာရေးကို ဆက်သွယ်ကြည့်ပါလား” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးနိုင်ငံလင်းက ပြောကြားသည်။
ထို့နောက် Eleven Media Group အနေဖြင့် ဟိုတယ်ဘက်ကို မေးမြန်းထားမှုနှင့် အစိုးရအဖွဲ့ ဝန်ကြီး ဦးနိုင်ငံလင်းတို့အား မေးမြန်းထားမှုကို အခြေပြုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည့် ဒေးဗစ်လားသည် Hotel Quarantine မှ ထွက်သွားပြီ ဖြစ်သည်ဆိုသည့် သတင်းကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းသတင်းဖော်ပြပြီး နောက်တွင် ဦးနိုင်ငံလင်းက ‘ မီဒီယာတစ်ခုက ဒေးဗစ်လားဟိုတယ်မှ ထွက်သွားသည်ဟု တင်ပြသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း’ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလာမှု၏ ဖြစ်စဉ်အမှန်မှာ ဟိုတယ်ဘက်မှ တမင်သက်သက် သတင်းအမှားကို ဖြေကြားခဲ့ခြင်းသာဖြစ်သည်။
(မှတ်ချက်- ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းမေးမြန်းထားမှု အသံဖိုင်များကို Eleven Media Group အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးသွားမည်ဖြစ်သည်။)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
