ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည့် ဒေးဗစ်လားသည် Hotel Quarantine မှ ထွက်သွားပြီဖြစ်ကြောင်း ၄င်းအား Quarantine ထား ရှိခဲ့သည့် ဗိုလ်တစ်ထောင်မြို့နယ်မှ City Hotel Yangon အား မေ ၁၁ ရက် ညနေ ငါးနာရီက ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဟိုတယ်တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
“သူက ညတုန်းက Check out (မေ ၁၀ ရက်ည) လုပ်သွားတယ်။ သူက Check Out လုပ်မယ်ဆိုပြီး ထွက်သွားတာ ဟိုတယ်ပြောင်းသွားတာဖြစ်ရင်လည်းဖြစ်မှာပေါ့” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထို့ပြင် မေ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့် တွင်လည်း ဟိုတယ်အား ထပ်မံ ဆက်သွယ်ရာ ဒေးဗစ်လားသည် Hotel Quarantine ကထွက်သွားပြီဆိုသည်ကိုသာ ထပ်မံဖြေကြားသည်။
တရားဟောဆရာဒေးဗစ်လားသည် Hotel Quarantine ရက်ပြည့်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဟုတ် မဟုတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများကို ဆက်သွယ်ရာတွင် လတ်တလော သိရှိသေးခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“အဲဒါကို ကျွန်တော်မသိသေးဘူးဗျ။ ဒီနေ့က အစည်းအဝေးတွေရှိတယ်။ ကျွန်တော် သိတာနဲ့ ပြန်ပြောမယ်။ ကျွန်တော်တို့ဆီကို ဘာသတင်းမှ မပို့သေးဘူး။ ကျွန်တော် မေးတာလည်း ဘယ်သူမှ မဖြေဘူး။ ကျွန်တော်တို့ သေချာ မသိသေးဘူး။ တိုင်းကျန်းမာရေးကို ဖုန်းဆက်တာလည်း မကိုင်သေးဘူး။ တစ်ခါတည်း တိုင်းကျန်းမာရေးကို ဆက်သွယ်ကြည့်ပါလား” ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ငံလင်းက ပြောကြားသည်။
“အဲ့ဒီကိစ္စဘာမှ မသိသေးဘူး။ Check Out လုပ်သွားတယ်ဆိုရင်လဲ သူ့ဘာသာ တာဝန်ယူလိမ့်မယ်။ Quarantine ပြည့်တယ် မပြည့်ဘူးက ကျန်းမာရေးကို မေးမယ်။ ကျန်းမာရေးက ခွင့်ပြုလို့ Check Out ထွက်သွားတယ်ဆိုရင် ကျန်းမာရေးက ဆက်ပြီးတော့ ရှေ့ ဆက်ဆောင်ရွက်မယ့် ကိစ္စတွေကို ဆောင် ရွက်လိမ့်မယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တိုင်းကျန်းမာရေးသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာအပါအဝင် လူလေး ဦးအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ဧပြီ ၁၄ရက်တွင် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကကြေညာ ထားသည်။
အဆိုပါ လေးယောက်အား သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၅ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီအတွင်းရေးမှူး ၂ ဦးမိုးဟိန်း က ပြောကြားထားသည်။
COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အသိပေးကြေညာချက်တွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟော ဆရာ)နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့လေးဦးအား ရောဂါဖြစ်ပွား စေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစ ခန်းနှင့် မရမ်းကုန်းမြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။
လူစုလူဝေးပြုလုပ်ခြင်းကြောင့် ရောဂါ ပိုးတွေ့ရှိခဲ့သည့် ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ နေရာများကို အသွားအလာကန့်သတ် တား မြစ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူတစ်ခုခုကြောင့် ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
