Top News

မိတ္တီလာမြို့ရှိ နေအိမ်တစ်အိမ်သို့ သူခိုးဝင်ရောက်စဉ် အိမ်ရှင်နိုးသွားသဖြင့် သူခိုးထွက်ပြေးခဲ့ပြီး Laptop နှင့် ဓားတစ်ချောင်းပါသော ဘေးလွယ်အိတ်တစ်လုံး ကျန်ရစ်ခဲ့
24htopnews | October 23, 2024 3:12 AM CST

မေလ ၁၁ ရက် နံနက် လေးနာရီခန့်က မိတ္တီလာမြို့၊ကျီတော်ကုန်းရပ်ကွက်၊နယ်မြေ(၈) နေအိမ်တစ်အိမ်သို့ သူခိုးဝင်ရောက်လာစဉ် အိမ်ရှင်နိုးသွားသဖြင့် လိုက််လံဖမ်းဆီးခဲ့ရာ သူခိုးထွက်ပြေးသွားခဲ့ပြီး Fujitsuအမျိုးအစား အနက်ရောင်Laptopတစ်လုံး၊ အားသွင်းကြိုးတစ်ချောင်း၊ ခြောက်လက်မအရှည်ခန့့်ရှိဓားတစ်ချောင်း၊ သရက်သီးသုံးလုံးနှင့် ဆေးပေါ့လိပ်တစ်လိပ်နှင့် ထည့်ထားသေား ဘေးလွယ်အိတ်တစ်လုံးကျန်ရစ်ခဲ့ကြောင်း မိတ္တီလာမြို့နယ်၊ကျီတော်ကုန််းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှသိရှိရသည်။

“ကျီတော်ကုန်းရပ်ကွက် နယ်မြေ(၈)ထဲမှာဖြစ်သွားတာ၊ မနက် လေးနာရီလောက်ကို လူသံကြားလို့ဆိုပြီး အိမ်ရှင်ကတံခါးဖွင့်ထွက်လာတာ၊ အိမ်ရှေ့မှာကဆိုင်ကယ်နှစ်စီးနဲ့ ကလေးစက်ဘီးတစ်စီးရပ်ထားတာရှိတယ်၊ အဲဒီမှာဆိုင််ကယ်နှစ်စီးနဲ့ ကလေးစက်ဘီးတစ်စီးကြားမှာ လူတစ်ယောက််ရောက်နေတယ်၊ အဲ့ဒါနဲ့အိမ်ရှင်က သူခိုးအော်ပြီးလိုက်တာ့ အိမ်ဝင်ခိုးမယ့်သူခိုးက ခြံစည်းရိုးကျော်ပြီးထွက်ပြေးတယ််၊ ဘယ်သူဆိုတာတော့ သေချာမသိလိုက်ဘူး၊ နောက်ကလိုုက််တာလည်း မမီလိုက်တာနဲ့ အိမ်ကိုပြန်စစ်ကြည့်တော့ အိမ်ရှေ့အပင်အောက်နားက ခြံစည်းရိုးမှာဒီအိတ်ကိုချိတ်ထားတာ၊ ချိတ်ကျန်ရစ်ခဲ့တဲ့ဘေးလွယ်အိတ်ကို စစ်လိုက်တော့ဓားတစ်ချောင်းရယ်၊ ဆေးပေါ့လိပ်တစ်လိပ်ရယ်၊ သရက်သီးသုံးလုံးနဲ့Laptop တစ်လုံးရယ်ကျန်ခဲ့တာ၊အဲဒါနဲ့အိမ်ရှင်ကနယ်မြေမှူးကို မိုးလင််းတော့ပြောတယ်် ၊နယ်မြေမှူးက အကြောင််းကြားတာနဲ့ကျွန်တော်ကိုယ်တိုင် သွားလိုက်တယ်။ အိမ်ရှင်မေးကြည့်တော့ အမှုမဖွင့်ချင်ဘူး ပြောတယ်။ Laptopနဲ့ဓားပါတဲ့ ဘေးလွယ်အိတ်ကိုတော့ ကျွန််တော်ဆီမှာအိမ်ရှင််က အပ်ထားလို့ရုံးမှာသိမ်းထားတယ်” ဟုမိတ္တီလာမြို့၊ကျီတော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးမှ မေလ ၁၂ ရက် မွန်းလွဲပိုင်းကပြောကြားသည်။

COVID-19 Lockdown ကာလအတွင်း မိတ္တီလာမြို့ပေါ်ရပ်ကွက်များတွင် ခိုးမှု၊လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး အမှုဖွင့်တိုင်ကြားမှုအချို့ ရှိခဲ့သော်လည်း ဖော်ထုတ်ဖမ်းဆီးနိုင်မှု မရှိသေးကြောင်း သိရှိရသည်။

 



 


READ NEXT
Cancel OK