အများပြည်သူ နေ့စဉ် ဝင်ထွက် သွားလာနေသော ဈေးများတွင် ဈေးရောင်းချသူများ၊ ဈေးလာဝယ်သူများ Mask တပ်ဆင်ရန် စည်ပင်သာယာရေးကော်မတီမှ ဧပြီလတွင်းမှ စတင်ကာ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီး အစိုးရမှလည်း mask တပ်ဆင်အသုံးပြုရန် မေ ၈ ရက်က စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက် ဈေးများတွင် မက်တပ်ဆင်ခြင်းမရှိသူများအား မေလ ၉ ရက်နေ့မှစတင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး မေ ၁၁ ရက်ထိ Mask တပ်ဆင်ခြင်း မရှိသည့် ဈေးသည် နှင့် ဈေးဝယ် ၁၂၀ ဦးအား Mask ၂ ခု တစ်ထောင်ကျပ်ဖြင့် ဝယ်ယူတပ်ဆင်စေပြီး Mask တပ်ရောင်းချခြင်းမရှိသည့် ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဈေးမှ ကုန်စိမ်းရောင်းသူ အမျိုးသမီးတစ်ဦးအား သုံးရက် ဈေးရောင်းခွင့် ပိတ်ပင်ထားကြောင်း မန္တလေး မြို့တော်စည်ပင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
"COVID-19ကာကွယ်ဖို့အတွက်က Mask တပ်ဆင်အသုံးခြင်းက အဓိကကြတာမို့ Mask တွေကို စနစ်တကျနဲ့ ပြည့်ပြည့်ဝ၀ တပ်ဆင်ဖို့ ဈေးတွေမှာဆောင်ရွက်နေတာက ကြာပါပြီ။ ဈေးသည်တွေ ဈေးဝယ်တွေအနေနဲ့ စနစ်တကျတပ်ဆင်ဖို့ အတွက်လည်း အသိပေးတာတွေ အဆက်မပြတ်နှိုးဆော်ဆောင်ရွက်တာတွေလုပ်ပါတယ်။ ဈေးတွေမှာ Mask တပ်ဆင်မှုရှိ၊မရှိကို ကြပ်မက်စစ်ဆေးပြီး ပထမအကြိမ် သတိပေးမယ်။ Mask ၂ ခုကို ၁၀၀၀ ကျပ်နဲ့ဝယ်ယူတပ်ဆင်စေမယ်။ ဒုအကြိမ်မှာ ရောင်းချခွင့်ပိတ်သည်အထိအရေးယူမယ်။ ဒီလိုလုပ်တာ ဒဏ်ကြေးသဘောနဲ့လုပ်တာပါ။ မြို့တော်စည်ပင်အနေနဲ့က လူဝင်လူထွက်များတဲ့ဈေးတွေကို အဓိကထားဆောင်ရွက်နေပါတယ် "ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့်စည်ကမ်းချက်အတိုင် Mask တပ်ဆင်ခြင်း မရှိသူများကို မေ၉ ရက်မှ ၁၅ ရက်နေ့အထိ ပညာပေးကာလတွင် မက် ၂ ခု ငွေကျပ် ၁၀၀၀ ဖြင့်ဝယ်ယူစေကာ ချက်ခြင်းတပ်ဆင်အသုံးပြုစေပြီး မေ ၁၅ ရက်နောက်ပိုင်းတွင် တပ်ဆင်ခြင်းမရှိသူများအနေဖြင့် Mask ၂ ခုကို ငွေကျပ် ၅၀၀၀ ပေး၍ ဝယ်ယူတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
