Top News

မိတ္တီလာခရိုင်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၄၇ လုံးအတွက် ထောက်ပံ့ငွေ ၂၄ သိန်းကျော် ပေးအပ်
24htopnews | October 23, 2024 3:12 AM CST

မေလ ၁၁ ရက််နေ့က မိုးသက်လေပြင်း တိုက််ခတ်မှု့ကြောင့် မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာနှင့် ရပ်ကွက်(၄)ရပ်ကွက်အတွင််းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်(၂၅)လုံး၊ သာစည်မြို့နယ်၊ ကျေးရွာတစ််ရွာမှနေအိမ်(၂၁)လုံး၊ ဝမ်းတွင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှနေအိမ်တစ်လုံး အမိုးလန် ပျက််စီး ဆုံးရှုံး ခဲ့သဖြင့်ထောက်ပံငွေ ၂၄၅၂၁ဝဝကျပ် ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ််ဆိုင်ရာစီမံခန့်ခွဲမှု့ဦးစီးဌာန မိတ္တီလာခရိုင်ရုံးမှ သိရသည်။

“ ၁၁ ရက်နေ့က လေဘေးတိုက်ခတ်သွားလို့ မြို့နယ်သုံးမြို့နယ်မှာေ လဘေးခံစားခဲ့ရပါတယ်၊ မိတ္တီလာမြို့နယ်ထဲမှာ မိုးကြိုးပစ်သေဆုံးတဲ့လူတစ်ဦး ရှိခဲ့တယ်၊ ကျွန်မတို့အနေနဲ့မြို့နယ်တွေက လေဘေးသင့်တဲ့အိမ်ခြေက လူတွေကိုထောက်ပံ့ဖို့ ပြင်ဆင်နေပါပြီ၊ အမိုးလန်ပျက်စီး ဆုံးရှုံးမှုအတွက် ဆန်၊ရိက္ခာအတွက် ငွေထောက်ပံ့ပေးမှာပါ၊ သေဆုံးသွားတဲ့လူတစ်ဦးအတွက် သုံးသိန်းနှုန်း ထောက်ပံ့ဖို့ သတ်မှတ်ထားလို့ ငွေသုံးသိန်း ထောက်ပံပေးသွားမှာပါ၊ မိုးကြိုးပစ် သေဆုံးသွားတဲ့ အမျိုးသားနေအိမ်ကို ကျွန််မတို့ကိုယ်တိုင် သွားရောက်ထောက်ပံ့ပေးမှာပါ” ဟု မိတ္တီလာခရိုင်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီချိုမှပြောကြားသည်။



မေလ ၁၁ ရက်နေ့က မိတ္တီလာခရိုင်တွင် မိုးသီးများကြွေကျခဲ့ပြီး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မိတ္တီလာမြို့နယ်၊ထမုန်ကန်ကျေးရွာအုပ်စု၊ စက်ပစ်တောင်ကျေးရွာမှ အမျိုးသားတစ်ဦး မိုးကြိုး စက်ကွင်း မလွတ်ဘဲ သေဆုံးခဲ့ရပြီး အဆိုပါသေဆုံးသူအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ငွေကျပ်သုံးသိန်း ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရသည်။


READ NEXT
Cancel OK