COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆေးအဖွဲ့များအား လုံခြုံရေးဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို မေ ၁၁ ရက် ညနေပိုင်းက ကျောက်တော်မြို့နယ်တွင် AA အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မဟကံကြီးရှင်ဘုရားတို့၌ မေ ၁၁ ရက်တွင် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသခံများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများနှင့် ကျောက်တော်မြို့တွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော တပ်ဖွဲ့ဝင်များ မေ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် ကစ္ဆပနဒီတံတား အနောက်ဘက်မီတာ ၃၀၀ ခန့်အကွာသို့ အရောက်၌ AAအဖွဲ့က ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၏ ညာဘက်လမ်းပုခုံးတွင် ရီမုမိုင်းနှစ်လုံးထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
``တပ်မတော်အနေနဲ့ CIVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို အမျိုးသားရေး၊ နိုင်ငံရေးအဖြစ် သတ်မှတ်ပြီးတော့ ပြည်သူတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေချိန်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေက အခုလို အဖျက်အမှောင့်လုပ်ရပ်တွေ လုပ်ဆောင်လာတာကို လက်ခံနိုင်စရာ မရှိပါဘူး´´ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဒေသခံများ၏ အကျိုးအတွက် ဆောင်ရွက်နေမှုများကို AA အဖွဲ့က နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
