မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ COVID-19 အတည်ပြုလူနာအမှတ်၈၂ သည် Negative နှစ်ကြိမ်ထွက်ရှိပြီဖြစ်သောကြောင့် မကြာမီ ဆေးရုံမှဆင်းခွင့်ရရှိမည်ဖြစ်ကာ Facility Quarantineအဖြစ် နေထိုင်သွားရမည်ဖြစ်ကြောင်း မန္တလေး ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးထံမှ သိရသည်။
"ဟုတ်ပါတယ်။ လူနာအမှတ်၈၂လည်း Negative နှစ်ကြိမ်ထွက်သွားပါပြီ။ နှစ်ရက်လောက် စောင့်ကြည့်ပြီးရင်တော့ ဆေးရုံကဆင်းမယ်။ပြီးရင် Facility Quarantineထပ်စောင့်ကြည့်ရမှာပေါ့။ အဲဒီFacility Quarantine ကာလပြီးမှ လုံးဝပျောက်ကင်းကြောင်း ပြောလို့ရမှာပါ"ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားခဲ့သည်။
သူမကို သတ်မှတ်သည့်ဓါတ်ခွဲစစ်ဆေးမှုအချိန်အလိုက် စစ်ဆေးခဲ့ရာ သုံးကြိမ်ထိ Positive ထွက်ရှိခဲ့ပြီး လေးကြိမ်နှင့် ငါးကြိမ်မြောက်တို့တွင် Negativeထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
အတည်ပြုလူနာအမှတ်၈၂သည် အသက်၃၈နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး တူရကီနိုင်ငံမှပြန်လာခဲ့သည့် ခရီးသွားရာဇဝင် ရှိထားသူဖြစ်သည်။
သူမသည် ရန်ကုန်တွင် ၁၄ရက်ကြာ Quarantineဝင်ခဲ့သလို မန္တလေးတွင်လည်း အိမ်၌အသွားအလာကန့်သတ်ပြီး နေထိုင်ခဲ့ကြောင်း၊ထိုသို့နေထိုင်ခဲ့စဉ် အနံ့အရသာပျောက်သည့်အခြေနေကို ခံစားခဲ့ရသဖြင့် ဆေးရုံကြီး Quarantine စင်တာတွင်ရောက်ရှိခဲ့ကာ ဓါတ်ခွဲအဖြေအရ COVID-19အတည်ပြုလူနာအမှတ်၈၂အဖြစ် ဧပြီ ၁၆ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အောင်မြေသာစံမြို့နယ်တွင်နေထိုင်သည့် လူနာ အမှတ် ၈၂ နှင့် မတ္တရာမြို့နယ်တွင်နေထိုင်သည့် အမှတ် ၁၃၂ လူနာနှစ်ဦးသည် ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလက်ရှိရာ အသက်၈ဝအရွယ် လူနာအမှတ်၁၃၂သည် မေ ၅ ရက်နေ့တွင် ဒုတိယအကြိမ် Negative အဖြေထွက်ရှိခဲ့သဖြင့် Facility Quarantine အဖြစ်နေထိုင်နေပြီဖြစ်သည်။
ကျန်းမာ၍ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်သည့် ချမ်းမြသာစည်မြို့နယ်မှ လူနာအမှတ်၄ အပါအဝင် စုစုပေါင်း မန္တလေးမြို့တွင်ပိုးတွေ့လူနာ သုံးဦးရှိခဲ့ရာ သတ်မှတ်သည့် Negative အကြိမ်ရေအတွက် ထွက်ရှိခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
