အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မဖြင့် ရမည်းသင်းမြို့နယ် တရားရုံးက စွဲချက်တင်အမိန့် ချမှတ်ခဲ့သည်။
မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်နှင့် ၎င်းနှင့်အတူ ဖမ်းဆီးခံထားရသူများအား ရမည်းသင်းမြို့နယ် တရားရုံးက ဧပြီ ၂၇ ရက်က အဆိုပါပုဒ်မဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စွဲချက်တင်အမိန့် ချမှတ်ထားသည့်အပေါ် ဦးစိုးထွန်းရှိန်ဘက်မှ မြို့နယ်တရားရုံး၏ စွဲချက်တင် အမိန့်အား ပယ်ဖျက်ပေးရန် ရမည်းသင်းခရိုင် တရားရုံးသို့ ရာဇဝတ် ပြင်ဆင်မှု တင်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်တော်တော်က ဆိုသည်။
၎င်းက “အခုခရိုင်ရုံးကို စွဲချက်တင်လိုက်တဲ့အပေါ် ရာဇဝတ်ပြင်ဆင်မှု တက်ထားပါတယ်။ မြို့နယ်ရုံးအမိန့်ကို ပယ်ဖျက်ပေးဖို့ ခရိုင်ရုံးကို တက်ထားပြီးပြီ။ ပြန်ခေါ်သက်သေ ခြောက်ယောက် တင်ထားတယ်။ သတ္တုတွင်းက သူတွေကို ပြန်ခေါ်ထားပါတယ်။ တရားလိုပြသက်သေ ခြောက်ယောက်ကို ပြန်ခေါ်သက်သေ ခေါ်ထားတယ်” ဟုဆိုသည်။
ဦးစိုးထွန်းရှိန်နှင့်အတူ ဖမ်းဆီးခံထားရသည့် ဦးညီညီလွင်၊ ဦးခင်ဇော်၊ ဦးမင်းမင်းစိုးနှင့် ဦးစောမောင်တို့အား မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မဖြင့် စွဲချက်တင် အမိန့်ချမှတ်ထားသည့်အပေါ် မေ ၁၁ ရက်က ရမည်းသင်းခရိုင် တရားရုံးသို့ အမှုပြင်ဆင်မှု တင်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က ဆိုသည်။
ဦးစိုးထွန်းရှိန်၏ အမှုအား လာမည့် မေ ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါ ရုံးချိန်းတွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ တရားလို ဦးအေးဇော်အား ရုံးတော်သို့ လာရောက်ရန် အကြောင်းကြားစာ ထုတ်ထားကြောင်း သိရသည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဦးစိုးထွန်းရှိန်သည် ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက်၌ ရွှေတူးဖော်ခွင့်ပါမစ် ရပ်ဆိုင်းထားသော်လည်း ထပ်မံတူးဖော်ခဲ့ခြင်းကြောင့် သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် ဦးစိုးထွန်းရှိန်အား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ နိုဝင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
