လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားလာခြင်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခွင့်ပြုပေးရမည်ဖြစ်သော်လည်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မှု မဖြစ်ပေါ်စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်ငန်း လျော့ကျမှု မဖြစ်ပေါ်စေရေးတို့အတွက် မဖြစ်မနေခွင့်ပြုရမည့် လိုအပ်ချက်ကိုသာ စီစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သူက ပြောကြားသည်။
မေ ၁၄ ရက် နံနက်ပိုင်းက ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေအပေါ် အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခွင့်ပြုပေးရမည်ဖြစ်သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မှုမဖြစ်ပေါ်စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်ငန်း လျော့ကျမှု မဖြစ်ပေါ်စေရေးတို့အတွက် မဖြစ်မနေ ခွင့်ပြုရမည့်ကိစ္စရပ်များတွင် အနည်းဆုံး လိုအပ်ချက်ကိုသာ စီစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း လယ်ယာမြေများ လျော့နည်းလာမှုကို အစားထိုး ပြင်ဆင်နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၌ စိုက်ပျိုးမှုတည်ငြိမ်လာပါက စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်းအားဖြင့် အဆိုပါ ပျောက်ဆုံးသွားသည့် လယ်ယာမြေများကို အစားထိုး ဆောင်ရွက်ပေးနိုင်သည့် သဘောရှိကြောင်း၊ ထို့ပြင် လယ်ယာမြေအပေါ် အခြားနည်းအသုံးပြုခွင့်မရရှိဘဲ ဆောင်ရွက်နေမှုများအား ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် လယ်ယာမြေလုပ်ကိုင်မှု အငြင်းပွားမှု လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကြန့်ကြာမှုကိစ္စအပေါ် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်သူများထံ ပေးအပ်ထားသည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များ လိုက်နာဆောင်ရွက်ဖွယ်ရာများကို ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းစာ၊ မီဒီယာများမှတစ်ဆင့် ပြည်သူများထံ ပွင့်လင်းမြင်သာစွာကြေညာပြီး လယ်ယာမြေဥပဒေနှင့်အညီ စီစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများ အလိုက်တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးနစ်နာကြေးပေးချေနိုင်ရေးဆိုင်ရာကိစ္စ၊ တိုင်းဒေသကြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စီစစ်ထောက်ခံတင်ပြလာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ စိုက်ပျိုးမှုတည်ငြိမ်လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား လယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးနိုင်ရေးကိစ္စ၊ လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်) အရဆောင်ရွက်ရန် လုပ်ငန်းများနှင့် ထိုပြင်ဆင်သည့် ဥပဒေနှင့်အညီ ညွှန်ကြားချက်ထုတ်ပြန်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
