တရားဝင်ငွေကြေးအဖြစ် သတ်မှတ်မထားသော Digital Currency များ ရောင်းဝယ်လဲလှယ်ခြင်းဆောင်ရွက်ရန် ဗဟိုဘဏ်က ခွင့်ပြုထားခြင်းမရှိကြောင်း ထပ်မံအသိပေးကြေညာခဲ့ပြီး တားမြစ်ချက်များကို ဖောက်ဖျက်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာသည်။
နိုင်ငံတော်အတွင်း၌ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်ပုံစံတစ်မျိုးမျိုးဖြင့်ရှိနေသည့် ငွေကြေး (Digital Currency) များအား သုံးစွဲခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာမည့်ငွေကြေးဆုံး ရှုံးမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ (င) နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်သည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့တွင် နိုင်ငံခြားငွေနှင့် နိုင်ငံခြားသုံးငွေတို့၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်းကောင်း၊ ပုဒ်မ ၃၈ တွင် မည်သူမျှ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၉ တွင် မည်သူမျှ ဗဟိုဘဏ် မှထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရဟုလည်းကောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital Currency များအား တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲလှယ်ခြင်းများ ဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။ သို့ရာတွင် အချို့ပုဂ္ဂိုလ်များသည် Digital Currency များဖြစ်သော Crytocurrency: Bitcoin (BTC) ၊ Litrcoin (LTC) ၊ Ethereum (ETH) နှင့် Pertect Money (PM) အစရှိသည်တို့အား personal Facebook account များ၊ web page များမှတစ်ဆင့် ရောင်း/ဝယ်၊ လဲလှယ်မှုများအား မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးသည့် ပုံစံဖြစ်သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ယင်းသို့ဆောင်ရွက်ပါက သုံးစွဲဆောင်ရွက်သူများတွင် ဆုံးရှုံးနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် မေ ၃ ရက် တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုထပ်မံ၍ အဆိုပါဥပဒေပြဋ္ဌာန်းချက်ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းသို့ဖောက်ဖျက်ကျူးလွန်သူအား တရားစွဲဆိုမည်ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၇၁ တို့အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
