တစ်နိုင်ငံလုံး၌ မေ ၁၅ ရက် နံနက်ပိုင်း အထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၁၂၄၀၀ ကျော်ရှိပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၄၀၀၀ ကျော်ကျန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မေ ၁၅ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း ၁၂၄၈၂ ဦးရှိပြီး စောင့်ကြည့်လူနာ ၄၀၆၅ ဦး၊ ပိုးတွေ့လူနာ ၁၈၁ဦး၊ သေဆုံးလူနာခြောက်ဦးနှင့် ပိုးတွေ့ပြန်လည်ကောင်းမွန်သွားသူ ၈၄ ဦး ရှိကြောင်းနှင့် ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ၄၃ ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၁၃ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၅ ဦး၊ ဗဟန်းမြို့နယ်တွင် ကိုးဦး၊ တာမွေမြို့နယ်တွင် ၁၀ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ခုနစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခြောက်ဦး၊ ချင်းပြည်နယ် တီးတိန်မြို့တွင် ငါးဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ငါးဦး၊ လှိုင်သာယာမြို့နယ်တွင် ငါးဦး၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် လေးဦး ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် လေးဦး၊ ကမာရွတ်မြို့နယ်တွင် လေးဦး၊ မင်္ဂလာဒုံမြို့နယ်တွင် သုံးဦး၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သုံးဦး၊ ရွှေပြည်သာမြို့နယ်တွင် သုံးဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နှစ်ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်ဦး၊ စမ်းချောင်းမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်ဦး၊ ဒေါပုံမြို့နယ်တွင် နှစ်ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် နှစ်ဦး၊ သာကေတမြို့နယ်တွင် နှစ်ဦး၊ ကျောက်တံတားမြို့နယ်တွင် နှစ်ဦး၊ လှိုင်မြို့နယ်တွင် နှစ်ဦး၊ မှော်ဘီမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် တစ်ဦး၊ နေပြည်တော် ဇဗ္ပူသီရိမြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တစ်ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တစ်ဦး၊ လှည်းကူးမြို့တွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တစ်ဦး၊ အလုံမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် တစ်ဦး၊ ပုဇွန်တောင်မြို့နယ်တွင် တစ်ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် တစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ဦး၊ ဒေါပုံမြို့နယ်တွင် တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် တစ်ဦး ၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် တစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တွင် တစ်ဦး၊ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် တစ်ဦး၊ ချင်းပြည်နယ် ဟားခါးမြို့တွင် တစ်ဦး၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် တစ်ဦးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ အများဆုံးတွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ လေ့လာဆန်းစစ်မှုများအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဖျားခြင်း ၇၃ ရာခိုင် နှုန်း၊ ချောင်းဆိုးခြင်း ၄၉ ရာခိုင်နှုန်း၊ ကိုယ် လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း ၁၃ ရာခိုင်နှုန်း၊ မောခြင်း ၂၁ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၈ ရာခိုင်နှုန်း၊ မူးဝေ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၁၁ ရာခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း ၁၃ ရာခိုင်နှုန်းနှင့် အနံ့၊ အရသာ၊ အာရုံခံစားမှုပျောက်ကွယ်ခြင်း ကိုးရာခိုင်နှုန်းတို့ရှိကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာချက်အရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဖျားခြင်း ၈၇ ဒသမ ၉ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၆၇ ဒသမ ၇ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း ၃၈ ဒသမ ၁ ရာခိုင်နှုန်း၊ မောခြင်း ၁၈ ဒသမ ၆ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၃ ဒသမ ၉ရာခိုင်နှုန်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၈ ဒသမ ၇ ရာ ခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် အနံ့၊ အရသာ၊ အာရုံခံစားမှုပျောက်ကွယ်ခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် US CDC ၏ ထုတ်ပြန်ချက်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ ဖျားခြင်း ၈၃-၉၉ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၅၉-၈၂ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင်ခြင်း ၄၄-၇၀ ရာခိုင်နှုန်း၊ မောခြင်း ၃၁-၄၀ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၀ ရာခိုင်နှုန်းအောက်၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၁ဝရာခိုင်နှုန်းအောက်၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း ၁၀ ရာခိုင်နှုန်းအောက်နှင့် အနံ့၊ အရသာ၊ အာရုံခံစားမှုပျောက်ကွယ်ခြင်း ၈၅-၈၈ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
