ကလေးမြို့ တိုင်းရင်းဆေးရုံတွင် COVID-19 Positive လူနာအဖြစ် ဆေးကုသမှုခံယူနေသော COVID-19 လူနာအမှတ် 115 ,116 ,117 တို့သည် Negative ၂ ကြိမ် ရရှိပြီ ဖြစ်သော ကြောင့် မေ ၁၅ ရက်တွင် ဆေးရုံမှ ဆင်းခဲ့ပြီဖြစ်ကြောင်း သိရသည် ။
“အခု လက်ရှိက အဆင်ပြေပါတယ် ။ တိုင်းရင်းဆေးရုံမှာ စပြောင်းတဲ့ အချိန်မှာတော့ အခက်အခဲတွေ ရှိပါတယ် ။ Positive လူနာတွေကို တိုင်းရင်းဆေးရုံမှာ ထားမယ်ဆိုပြီး လုပ်ကတည်းက ကလေးမြို့ ပြည်သူ့ဆေးရုံ ကြီးက ဝန်ထမ်းတွေအားလုံး အစစအရာရာ ပြင်ဆင်ခဲ့ရပါတယ် ။ Positive လူနာတွေက တိုင်းရင်းသားတွေ ဖြစ်တဲ့အခါ ကြတော့ အထူး အထွေ မရှိပါဘူး ။ သူတို့ လိုအပ်တာတွေကို လူနာအခန်း နဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးက ဝန်ထမ်းတွေနေတဲ့ အခန်းကို CCTV လည်း တပ်ထားတဲ့ အခါကြတော့ သူတို့လိုအပ်တာတွေ အကုန် ဖြည့်ဆည်းပေးပါတယ် ။ ကျွန်မတို့ ကုသပေးလိုက်တဲ့သူတွေ Negative ၂ ကြိမ် ပြသွားပြီ ဆိုတော့ အရမ်းကို ပျော်ပါတယ် ။ သိန်းဆုတွေ ပေါက်သလို ပျော်ပါတယ် ။ ကျမတို့ ရှေ့တန်းတိုက်စစ်မှုးတွေက ကူးစက်မယ့် ရောဂါတွေ ကြောက်ပေမယ့် ကိုယ်တိုက်ခဲ့တဲ့ စစ်ပွဲဟာ အောင်မြင်ခဲ့တဲ့ အတွက် သိန်းဆုကြီးတွေ ပေါက်ထက် ပိုပြီး ဝမ်းသာပါတယ် ။ ပရဟိတ အဖွဲ့ တွေ ၊ မြို့မိ မြို့ဖ အဖွဲ့တွေကလည်း ကူညီကြတဲ့ အခါကြတော့ တော်တော် အဆင်ပြေပါတယ် ။ အစိုးရ က ထောက်ပံ့မှုက ဆေးရုံအုပ်ကြီး ဆီ ထောက်ပံ့ပြီး ကျမတို့ လိုအပ်တာတွေကို ဆေးရုံအုပ်ကြီးက ဖြည့်ဆည်းပေးပါတယ် ။ ပြည်သူတွေကို အသိပေးပြောချင်တာက ဒီရောဂါကြီးက ကျမတို့ ဆီမှာ Positive လူနာ ၆ ယောက် ရှိတယ်။ ၆ ယောက်ကနေ ဒီနေ့ ဆို ၃ ယောက်ဆင်းတယ် ။ ပထမ တစ်ယောက် ဆင်းတယ်ဆိုတော့ ၄ ယောက် ဆင်းပြီး ဒီမှာ ၂ ယောက်ပဲ ကျန်တော့မယ် ။ ဒါပေမယ့် စိတ်လွတ်ကိုယ်လွတ် ဝမ်းသာပြီး လမ်းတွေ ပေါ်ထွက်တာ ၊ လက်မဆေးတာ ၊ Mask မတပ်တာတွေ မလုပ် ကြပါအုန်းလို့ ။ ဒီရောဂါက လုံးဝ ပျောက်ကင်းသွားတာ မဟုတ်သေးပါဘူး ။ အခု လူနာတွေက လည်း Negative ၂ ကြိမ် ပြ သွားလို့ ဆေးရုံက ဆင်းသွားပေမယ့် ဟုန်း Quarantine ၂ ပတ် နေရအုန်းမှာ ဖြစ်ပါတယ် ။ လူနာတွေကိုလည်း အိမ် မှာ နေဖို့ ပြောထားပါတယ် ။ ပြည်သူတွေကိုလည်း အပြင်ထွက်ရင် Mask တွေ တပ်ဖို့ ၊ လက်ဆေးဖို့ ပြောချင်ပါတယ် ။ လက်ဆေး တာ နဲ့ Mask တပ်ခြင်းဟာ အကောင်းဆုံး ဖြစ်တယ်လို့ ပြောချင်ပါတယ် ။ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်တွေ လိုက်နာဖို့ ပြောချင်ပါတယ် ” ဟု သူနာပြုဆရာမကြီး ဒေါ်တင်အေးမွန် မှ ပြောကြားခဲ့ပါသည် ။
ကလေးမြို့ တိုင်းရင်းဆေးရုံတွင် ထားရှိသည့် COVID-19 လူနာအမှတ် 115 ,116 ,117 တို့သည် Negative ၂ ကြိမ် ရရှိပြီ ဖြစ်သော ကြောင့် မေ ၁၅ ရက်တွင် ဆေးရုံမှ ဆင်းခဲ့ပြီး လူနာအမှတ် 88 နှင့် 114 တို့ မှာလည်း Negative တစ်ကြိမ် ရရှိပြီ ဖြစ်သည်ဟု သိရသည် ။
“အိမ်ကိုလည်း လွမ်းတယ် ။ သူငယ်ချင်းတွေ နဲ့ အမေတို့ အကိုတို့ ကိုလည်း လွမ်းတယ် ။ ဆေးရုံက ဆင်းတော့ ပျော်ပါတယ် ။ ဒီမှာ နေတဲ့ အချိန်မှာ ဆရာ ၊ ဆရာမ တွေ အပေါ် ကျေးဇူးတင်ပါတယ် ။ အခု အိမ်မှာ ပဲ နေမယ် ။ ဟု ဆေးကုသမှု ခံယူခဲ့သူ လူနာ တစ်ဦး မှ ပြောကြားခဲ့ပါသည် ။
မေလ ၈ ရက်နေ့ကလည်း COVID-19 Positive လူနာ အမှတ် ၇၄ မှာလည်း ဆေးရုံမှ ဆင်းခဲ့ပြီ ဖြစ်ပြီး ကလေးမြို့တွင် COVID-19 Positive လူနာ ၆ ယောက် ရှိသည့် အနက် ၄ ဦးမှာ ဆေးရုံမှ ဆင်းပြီ ဖြစ်ပြီး ဆေးကုသမှု ခံယူသူ ၂ ဦးသာ ကျန်ရှိတော့သည်ဟု သိရသည် ။
“ဆင်းပြီးသွားတဲ့လူနာ ရော ၊ အခု ရှိနေတဲ့ လူနာတွေ ရော အဆင် ပြေပါတယ် ။ သူတို့ လိုအပ် တာ ရှိရင် ပစ္စည်းတွေ ပို့ ပေးတယ် ။ မနက် ၊ နေ့လည် ၊ ည တွေ မှာ တာဝန်ကျ ဆရာဝန် ၊ သူနာပြု ဆရာမ တွေက အားလုံးက လူနာတွေကို အားပေးစကားပြောတယ် ။ ဘာသာရေး နဲ့ ပတ်သက် ပြီး စိတ်ဓါတ် မကျအောင် အားမငယ်အောင် ၊ တစ်ယောက် နဲ့ တစ်ယောက် ခွန်အားပေးကြတယ် ။ အခက်အခဲ တွေ ရင်ဆို်တယ်ဆိုတာက ဒီမှာ တာဝန်ကျ ကတည်းက တချို့ဆရာမတွေ က မိသားစုတွေ ကလေးတွေ နဲ့ တချို့ ဆရာမတွေက မိဘ မကျန်းမာတာတွေ ရှိတယ် ။ မိသားစုကို ထားခဲ့ရတာပေါ့ ။ အိမ်ကိုတော့ နောက်ဆံ တင်းတာပေါ့ ။ ကွာရင်တင်းက တော့ မဖြစ်မနေ ဝင်ရတာပေါ့ ။ ကိုယ့် ကြောင့် သူများတွေ ဖြစ်မှာ စိုးတယ်လေ ။ ကိုယ်က ဒီမှာ အဆင်ပြေတယ်ဆိုပေမယ့် ကိုယ့်မိသားစု တစ်ခုခု ဆိုရင် အခက်အခဲ ရှိတယ်လေ ” ဟု ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထက်တန်း သူနာပြုဆရာမ ဒေါ်နိမ်လားမာန် မှ ပြောကြားခဲ့ပါသည် ။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှလည်း ၂၀၂၀ ခုနှစ် မေလ ၁၅ ရက် နံနက် ၄ နာရီမှ စတင်၍ ကလေးမြို့ ကို Stay At Home မှ ပယ်ဖျက်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
