Top News

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်များ မေ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲမည် ဖြစ်ကာ ထွက်ခွာပြေးဆွဲမည့် ယာဉ်လိုင်း ၁၀၀ ကျော်ရှိ
24htopnews | October 23, 2024 4:12 AM CST

COVID-19  ဖြစ်ပွားမှု ကာကွယ်ရန် အဝေးပြေးခရီးသည်ယာဉ်များ ပြေးဆွဲမှုကို ဧပြီလဆန်းပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထွက်ခွာပြေးဆွဲ ဝင်ရောက်မှုကန့်သတ်ထားခဲ့ရာ လက်ရှိတွင် ဖြေလျော့မှုအရ မေ ၁၆ ရက်မှစတင်ကာ တိုင်းဒေသကြီးအတွင်းရှိမြို့များသို့ပြေးဆွဲနေသော ယာဉ်များအား ထွက်ခွာပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော မိုင် ၁၀၀ အောက်ခရီးစဉ် ယာဉ်အသင်းများအနေဖြင့် မေ ၁၆ ရက်နေ့မှစတင်ကာ ထွက်ခွာပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ယာဉ်အသင်းများရှိသည့် ယာဉ်ရပ်နားစခန်း ခုအားပြန်လည်ဖွင့်လှစ်ရန် ပိုးသတ်ဆေးဖြန်းခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှ သိရသည်။

"တိုင်းအတွင်း ကားလိုင်းတွေကို မနက်ဖြန် စပြေးဆွဲဖို့စီစဉ်နေပါတယ်။ မိုင်တစ်ရာအောက်ကားတွေ စတင်ပြေးဆွဲရမှာပါ။ ကားကွင်းတွေကနေ မန္တလေးတိုင်းအတွင်းပြေးဆွဲတဲ့ ယာဉ်အသင်းပေါင်း ၁၀၀ ကျော်စပြေးမှာပါ။ ကားကွင်းအနေနဲ့ ကွင်းရှိတဲ့ထဲက သီရိမန္တလာကားကွင်း၊ မဟာအောင်မြေကားကွင်း၊ ချမ်းမြရွှေပြည်ကားကွင်းတွေမှာရှိတဲ့ မိုင် ၁၀၀ အောက်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် အကုန်ပြေးဆွဲမှာပါ။ ခရီးသည်တင်ဖို့အတွက်ကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ညီ ပြေးဆွဲနိုင်ဖို့ဆောင်ရွက်နေပါတယ်"ဟု တိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ(အဝေးပြေး) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းကပြောသည်။

ဖြေလျော့မှုအရ ယာဉ်အသင်းများ စနစ်တကျ ပြေးဆွဲရန်အတွက် ကိုရိုနာရောဂါ ကာကွယ်ရေးအဖြစ် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ကာ ယာဉ်ဂိတ်များ၊ ခရီးသည်များ၊ ယာဉ်ပိုင်ရှင်များအနေဖြင့် အသိပေးထုတ်ပြန်ထားမည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောက်ရွက်ရမည်ဖြစ်ပြီး အဆိုပါစည်းကမ်းချက်များကို ယာဉ်အသင်းများသို့ ဖြန့်ဝေအသိပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မန္တလေးမြို့ပေါ်ရှိ ယာဉ်ရပ်နားစခန်းများမှ အမြို့မြို့အနယ်နယ်သို့ပြေးဆွဲနေသော ယာဉ်အသင်းများအနက် ပုဂံ၊ညောင်ဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တကောင်းမြို့များသို့ပြေးဆွဲနေသော ယာဉ်အသင်း ၅၀ ရာခိုင်နှုန်းမှာ ပြန်လည်ပြေးဆွဲခွင့်ရပြီး ကျန် တိုင်းပြင်ပ မြို့များသို့ပြေးဆွဲနေသော ယာဉ်အသင်းများအနေဖြင့် ပြေးဆွဲခွင့် မရှိသေးကြောင်း သိရသည်။

 

 

 


READ NEXT
Cancel OK