COVID-19 ရောဂါကာကွယ်ရန်အတွက် လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်းကြောင့် ပိုးသတ်ဆေးအဆိပ်သင့်ကာ ပြည်သူ့ဆေးရုံများသို့ ရောက်ရှိလာသော လူနာများရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး၏ ပြောကြားချက်အ ရသိရသည်။
“ ရန်ကုန်တိုင်းမှာ ပိုးသတ်ဆေးထိပြီး ဆေးရုံတွေကို ရောက်လာတဲ့ လူနာတွေရှိတယ်။ များသောအားဖြင့် ဆေးဖျန်းတာက ကလိုရင်းပါတဲ့ ပိုးသတ်ဆေးတွေ ဖျန်းကြတယ်။ ကလိုရင်းဆိုတာမျိုးက ဖျော်စပ်နည်း လည်း မှန်ဖို့လိုသလို ခန္ဓာကိုယ်နဲ့လည်း တိုက်ရိုက်မထိတွေ့သင့်တဲ့အထဲမှာ ပါပါ တယ်။ အရင်တုန်းက ပထမကမ္ဘာစစ်တို့ ဒုတိယကမ္ဘာစစ်တို့တုန်းကဆို ကလိုရင်းကို ဓာတုလက်နက်အဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက အသက်ရှုလမ်းကြောင်း နဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အမြှေးပါးရှိတဲ့ နေရာတွေမှာ သူက အဆိပ်အတောက်ဖြစ် ပြီး ဒုက္ခပေးတာမျိုးပါ။ ဒီလို လူကို ပိုးသတ်ဆေးတွေဖျန်းရင် လူခန္ဓာကိုယ်ပေါ်မှာ ပိုး တွေကပ်ပါလာတဲ့အတွက် ပိုးသတ်ဆေးဖျန်းရင် ပြီးသွားပြီဆိုတဲ့ ပိုးသေအောင်လုပ်တဲ့ နည်းက မလုပ်သင့်ပါဘူး။ ပိုးရှိတဲ့လူတစ်ယောက်က ခန္ဓာကိုယ်ထဲမှာ ပိုးကရှိနေတဲ့အ ခါကျတော့ စကားပြောလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်းမှာ ပိုးတွေက ထွက်နေတာ ပေါ့။ ပိုးရှိတဲ့သူရဲ့ ခန္ဓာကိုယ်ကို ပိုးသတ်ဆေး ဖျန်းခြင်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲက ပိုးတွေ ကသေမသွားဘူး။ မသေတဲ့အပြင် ပိုးရှိတဲ့ သူကလည်း ဆေးဖျန်းပြီးပြီဆိုပြီး စိတ်ချ လက်ချနဲ့ နှာခေါင်းစည်းမတပ်ဘဲ တခြားသူ တွေကို ပြောဆိုထိတွေ့နေမယ်ဆိုရင် သူ့ဆီ ကပိုးတွေက သူများကိုဖြန့်နေအုန်းမှာပဲ။ ဒီ လိုနည်းတွေနဲ့ ပြန့်ပွားသွားတဲ့ဟာမို့လို့ ကျွန် တော်တို့အနေနဲ့ကတော့ ဒီလို ကလိုရင်း ဆေးကို ဖျန်းခြင်းသည် အကျိုးမရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လည်း ထုတ်ပြန်ထားပါတယ်။ လူ့ခန္ဓာကိုယ် ကို ဆေးဖျန်းခြင်းက မလုပ်သင့်တဲ့ဟာလို့ကို တရားဝင် ပြောထားပြီးဖြစ်ပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
မေ ၈ ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ‘COVID-19 ရောဂါကာကွယ်ရန်အတွက် လူ့ခန္ဓာကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း’ ကို မပြုလုပ်ရန် တရားဝင်စာထုတ်ကာ တား မြစ်ထားကြောင်း၊ အဆိုပါစာတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး တွင် စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဖုန်းအရောင်းဆိုင် အစရှိသောနေရာ များတွင် စျေးဝယ်သူများ၊ ဆိုင်သို့ ဝင်/ထွက် သူများကို ပိုးသတ်ဆေးဖျန်းခြင်းများ တွေ့ မြင်ကြားသိနေရကြောင်း၊ ထိုသို့ ဆေးဖျန်းရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ အထူးလမ်းညွှန်ချက်များ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ထို့ပြင် ထိုဖျန်းဆေးများ ၏ ဘေးထွက်ဆိုးကျိုးများမှာ လူကို အန္တ ရာယ်ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
“ဆေးရုံတွေကို ရောက်လာတဲ့လူနာတွေမှာ အဓိက လည်ချောင်းနာတာ။ ပိုးသတ်ဆေးက မျက်စိထဲဝင်သွားရင် မျက်စိ တွေနီရဲလာတာ။ ခန္ဓာကိုယ်ပေါ်ကို ထိလိုက် ရင် ယားယံလာတာတွေ နောက် အဆိပ်အ တောက်ဖြစ်တဲ့လက္ခဏာတွေ နောက်ပြီး အ သက်ရှုရခက်ခဲတာမျိုးတွေ အဲလိုလက္ခဏာ တွေဖြစ်ပြီးရောက်လာတာများပါတယ်။ ပိုး သတ်ဆေးတွေနဲ့ပတ်သက်ပြီး အဓိက ပညာ ပေးတဲ့အပိုင်းကို အရင်လုပ်ရတယ်။ ပညာ ပေးတဲ့ဟာကို လုပ်ပြီးတော့မှ လိုက်နာမှုအ ပိုင်းအားနည်းနေရင် အရေးယူတဲ့အပိုင်းကို သွားရမှာပါ။ အခုအချိန်အထိ တစ်ချို့နိုင်ငံ တွေမှာ ဒီပိုးသတ်ဆေးဖျန်းတာကို လုပ်နေ ကြတုန်းပဲ။ များသောအားဖြင့် ဒီလို ပိုးသတ် ဆေးတွေဖျန်းရင် ကောင်းတယ်ဆိုပြီး ဖျန်းနေကြတာလေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း ထုတ်ပြန်ကြေညာထားတယ်။ ကျွန် တော်တို့ဆီမှာလည်း ပိုးသတ်ဆေးအဆိပ် သင့်တာမျိုးတွေ ဖြစ်လာတာတွေ့လာရတဲ့ အတွက် တရားဝင်မလုပ်ဖို့ တားမြစ်ထားပြီး ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့က လည်း မလုပ်သင့်တာကိုလုပ်လို့ ရောဂါခံစား ရတဲ့သူတွေရှိလာတယ်ဆိုရင် လက်ရှိ ပိုး သတ်ဆေးနဲ့ပတ်သက်တဲ့ ပိုးသတ်ဆေးဥပ ဒေတွေရှိတယ်။ လက်ရှိ စိုက်ပျိုးရေးဌာန ဘက်မှာရှိတဲ့ ပိုးသတ်ဆေးဥပဒေတွေရယ်။ ကျွန်တော်တို့ဘက်က ကူးစက်ရောဂါနှိမ်နှင်း ရေးဥပဒေတွေရော သက်ဆိုင်ရာဥပဒေတွေ နဲ့ အရေးယူလို့ရပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ဆက်လက်ပြောကြားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး နှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းပြု လုပ်ထားသည့် သုတေသနစာတမ်းအရ အဆိပ်သင့်လူနာများအနက် ဓာတုအဆိပ်သင့်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ ပြီး ၂၀၁၁ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်းသာ ရှိ သော်လည်း ၂၀၁၅ တွင် ၄၃ရာခိုင်နှုန်းအထိ တိုးလာကြောင်း နှင့် ဓာတုအဆိပ်သင့်မှုများ တွင် ပိုးသတ်ဆေးအဆိပ်သင့်မှုများမှာ အ များဆုံးဖြစ်ပြီး ကြွက်သတ်ဆေးအဆိပ်သင့် မှု၊ အိမ်တွင်းသုံးဓာတုပစ္စည်းများဖြစ်သောအစွန်းချွတ် ဆေး၊လက်သည်းဖျက်ဆေး၊ဆပ် ပြာရည်အစရှိသည်တို့နှင့်အဆိပ်သင့်မှုများ လည်းများပြားလာကြောင်းလည်း သုတေသနပြုလုပ်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
