ရှမ်းပြည်နယ်တွင်းရှိ ဝင်ငွေနည်းမိသားစုများကို နောက်တစ်ကြိမ် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မ တီ၏ (၈-၅-၂၀၂၀) ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ၊ ပုံမှန်ဝင်ငွေမရှိသောအခြေ ခံလူတန်းစားများအတွက် ငွေကြေး ထောက်ပံ့ မှုအား မေ ၁၅ ရက်မှ ၃၀ ရက်အတွင်း တစ် ကြိမ်၊ ဇွန် ၁၅ ရက်မှ ၃၀ ရက်အတွင်းတွင် တစ်ကြိမ် အပိုင်းနှစ်ပိုင်းခွဲခြားပြီး အိမ်ထောင် စုစာရင်းအလိုက် ထောက်ပံ့ပေးရန် နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လမ်းညွှန်ထားခြင်း ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ဆိုသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိ သော အခြေခံလူတန်းစားများ၏ အိမ်ထောင် စုစာရင်းနှင့် ငွေကြေးထောက်ပံ့မှု ဆောင်ရွက်မည့်အစီအစဉ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ပြန်လည်တင်ပြထားပြီး ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ဆိုသည်။
“ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအတွက် ငွေကြေးထောက်ပံ့မှုအား မေ ၁၅ ရက်ကနေ ၃၀ ရက်အတွင်း တစ်ကြိမ်၊ ဇွန် ၁၅ ရက်ကနေ ၃၀ ရက်အတွင်းတွင် တစ် ကြိမ် အပိုင်းနှစ်ပိုင်းခွဲခြားပြီး လုပ်လိုက်တာ၊ တစ်ကြိမ်ထဲ များနေလို့ပေ့ါ။ အိမ်ထောင်စုစာ ရင်း ကောက်တယ်။ စာရင်းပို့လိုက်ပြီ။ မိသား စုလေးဦးအထိရှိတဲ့ စာရင်းနဲ့ ငါးဦးနှင့် ငါးဦး အထက်ရှိတဲ့ အိမ်ထောင်စုစာရင်းဆိုပြီးတော့ ကောက်ပြီး စာရင်း ပို့လိုက်ပြီ။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်ဗဟိုကော်မတီကနေ ဘယ်လိုနှုန်း နဲ့ ထောက်ပံ့ပေးမလဲဆိုတာ သူတို့က လမ်း ညွှန်ချက်ပေးမယ်။ ငွေကြေးပမာဏ မသိသေး ဘူး0 ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။
ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်(၅၅) မြို့ နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ပေါင်း တစ်သိန်းနှစ်သောင်းကျော်တို့ကို ဧပြီ လယ်ပိုင်းတွင် နိုင်ငံတော်မှ ပစ္စည်း ကိုးမျိုး ထောက်ပံံ့ပေးနိုင်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
