Top News

မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် မူကြို၊ နေ့ကလေးထိန်းကျောင်းများ အပါအဝင် အစိုးရ/ပုဂ္ဂလိကကျောင်းများ နောက်ထပ်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ ကာလအထိ ပိတ်ထားရမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြေညာချက်ထုတ်ပြန်
24htopnews | October 23, 2024 4:12 AM CST

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူစုလူဝေး ဖြစ်ပေါ်နိုင်သည့် တက္ကသိုလ်၊ ဒီဂရကောလိပ်၊ စက်မှုလက်မှုသိပ္ပံ၊ အစိုးရ/ပုဂ္ဂလိကကျောင်းများ၊ မူကြို/နေ့ကလေးထိန်းကျောင်းများ၊ သင်တန်းများအားလုံးကို နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီ ကာလအထိ ပိတ်သိမ်းထားရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးကြေညာချက်ကို မေ ၁၅ ရက်က ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူ ဖြစ်စေရန်အတွက် ဧပြီ လဆန်းပိုင်းမှစတင်ကာ စျေးဆိုင်များ ပိတ်သိမ်းခြင်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲမှုရပ်နားစေခြင်း ၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်းစသည့် တားမြစ်ချက်များကို မေ ၁၅ ရက်အထိ သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ယင်းထုတ်ပြန်ချက်များအနက် အချို့သောအချက်များကို ဖြေလျှော့မှုနှင့်အတူ အသိပေးကြေညာချက် အမိန့်တစ်ရပ်ကို မေ ၁၅ ရက်က ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် တိုင်းအတွင်းရှိ အစိုးရ/ပုဂ္ဂလိကျောင်းများအားလုံးကို ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဟု ပါရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK