ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်လည်ဖွင့်လှစ်ရောင်းဝယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးပြီး ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်မည်ဟု အဆိုပါ အသင်းထံမှ သိရသည်။
ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)သည် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရန်အတွက် ဧပြီ ၁၀ ရက်မှစတင်၍ ယာယီပိတ်ထားရာမှ ယခုအခါတွင် ပြန်လည်ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လာရောက်စစ်ဆေးမှုများပြုလုပ်၍ စစ်ဆေးမှုခံယူပြီးမှသာ မန္တလေးကုန်စည်ဒိုင်အား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ဆိုသည်။
“ ကျွန်တော်တို့ ကုန်စည်ဒိုင် ပြန်ဖွင့်ဖို့အတွက် တိုင်းအစိုးရအဖွဲ့ဆီ ခွင့်တောင်းထားပါတယ်။ အစိုးရအဖွဲ့ပြန်အကြောင်းပြန်တာက ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်တောင်းခံပြီး ဖွင့်ပါလို့ ပြောတယ်။ကျွန်တော်တို့ ကုန်စည်ဒိုင်ကို လာစစ်ဆေးပြီးမှ ဖွင့်လို့ရမယ်ပြောပါတယ်။ သူတို့လာမစစ်ခင် ဖွင့်ခွင့်ညွှန်ကြားချက်မရခင်အထိ ကုန်စည်ဒိုင်ကို ပိတ်ထားပါမယ်။ သူတို့က အမြန်လာရောက် စစ်ဆေးမယ် ပြောပါတယ်။ စျေးကွက်အနေအထားက ပဲတီစိမ်းစျေးအေးတယ်။ ထိပ်စ ၁၁၃၅၀၀ ခရမ်းရွှေဝါပဲတီစိမ်းက ၁၁ရဝဝဝစျေး၊ လမ်းပဲ ပဲတီစိမ်း ၁၁၄၀၀၀ စျေး၊ မြေပဲဆန်စျေးကွက်က ပုံမှန်ဖြစ်ပါတယ်’’ ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောကြားသည်။
ပွဲစားကုန်သည်စက်ပိုင်များကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ကို ယာယီပိတ်ထားသော်လည်း လက်ရှိတွင် Online စနစ်ဖြင့် အရောင်းအဝယ်များပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါကုန်စည်ဒိုင်ပြန်ဖွင့် လှစ်မည့်ရက်အား မခန့်မှန်းနိုင်သေးကြောင်း သိရသည်။
မန္တလေးပဲစျေးကွက်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အရောင်းအဝယ်များ အေးစက်နေပြီး ကုန်စည်ဒိုင် အွန်လိုင်းစျေးကွက်တွင် တရုတ်ဝယ်လက်ဝယ်ယူမူ ရပ်နားထားသည့် မြေထောက်ပဲ စျေးနှုန်း အိန္ဒိယဝယ်လက်ဝယ်မှုကြောင့် ပေါ်ဦးပေါ်ဖျား စျေးနှုန်းအတိုင်း စျေးကောင်းရနေသည်ဟု မန္တလေးပဲကုန်သည်များထံမှ သိရသည်။
“ မြေထောက်ပဲက ဇန်နဝါရီလဆန်းပိုင်း ကတည်းက ၉၅၀၀၀ စျေးရှိတယ်။ တရုတ် ဝယ်လက်တွေ အများဆုံးဝယ်နေတာ။ ပေါ်ဦးပေါ်ဖျားကစပြီး ဝယ်တာ။ မတ်လလောက်ကျ အဝယ်ရပ်သွားတယ်။ ကိုဗစ်-၁၉ ကြောင့် အဝယ်ရပ်သွားတာကြောင့် ကုန်စည်ဒိုင်ပိတ်တာသွားတာကြောင့် အရောင်းအဝယ်ရပ်သွားတယ်။ အခုကျ ကုန်စည်ဒိုင်က အွန်လိုင်းပဲအရောင်းအဝယ်ကြောင့် မြေထောက်ပဲက ပြန်အရောင်းအဝယ်ဖြစ်တယ်။ တရုတ်ဝယ်လက်က ရပ်သွားပေမဲ့ အိန္ဒိယ ဝယ်လက်က ဝယ်ယူတာကြောင့် မြေထောက်ပဲစျေးက စျေးနှုန်းမကျဆင်းဘဲ အရောင်းအဝယ်တန့်နေတယ်။ နောက်မို့ဆို တရုတ်ဝယ်လက်မ ဝယ်ယူနိုင်တာကြောင့် မြေထောက်ပဲ စျေးက တစ်အိတ်ကို တစ်သောင်းလောက် စျေးနှုန်းကျနိုင်တယ်။ အိန္ဒိယဝယ်လက်ကြောင့် အခုရက်ပိုင်း စျေးနှုန်းမကျဆင်းဘဲ ပေါ်စက စျေးအတိုင်း ၉၅၀၀၀ စျေးနှုန်းနဲ့အရောင်းအဝယ် ဖြစ်နေပါတယ်။ အရင်နှစ်တွေက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေက ဝယ်ယူမှုရှိတယ်။ ကုန်စည်ဒိုင်ကို အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ်တွေ လုပ်နေကြတယ်ဆိုပေမယ့် နမူနာပဲမျိုးစုံခင်းကျင်းထားတဲ့ ကုန်စည်ဒိုင်မှာ ရောင်းသူနဲ့ဝယ်သူ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အရောင်းအဝယ်လုပ်ရတာလောက်တော့ အားရကျေနပ်မှုမရှိဘူး။ ဒါကြောင့် မန္တလေးကုန်စည်ဒိုင် အမြန်ဆုံးပြန်လည်ဖွင့် လှစ်နိုင်ဖို့မျှော်လင့်နေကြပါတယ်’’ ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်း မြင့်ပွဲရုံ)က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
